အမျိုးသားတို့ပြုမူလေ့ရှိသော နေထိုင်မှုပုံစံအမှားများ

 

ခေတ်လူငယ်၊လူလတ် အမျိုးသားများရဲ့ မြို့ပြလူနေမှုစရိုက် များအနက် အချို့နေထိုင်ပုံများက မိမိကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာတင်ပြသွားမှာ ဖြစ်ပါတယ်။

 

များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများနဲ့ယှဉ်ရင် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုအားနည်းတတ်ကြပါတယ်။ ဒါကြောင့်သတိမမူမိတဲ့ ရှောင်ကြဉ်သင့်သော အပြုအမူလေးတွေကို စုစည်းတင်ပြထားလိုက်ပါတယ်။

 

1. Alcohol အလွန်အကျွံသောက်ခြင်း

 

အလုပ်ကအပြန် stress စိတ်ဖိစီးမှုများလို့ သောက်မိခြင်း၊ လုပ်ငန်းစကားပြောဆိုမှုကြောင့်သောက်မိခြင်း၊ အလုပ်အောင်မြင်၍ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် သောက်ခြင်း၊ ပိတ်ရက် သူငယ်ချင်းများဆုံ၍သောက်မိခြင်းစသဖြင့် မြို့ပြလူငယ်လူလတ်အများစုက မသိမသာနဲ့ အရက်ဘီယာသောက်သုံးမှုပမာဏများပြားလာပါတယ်။

 

ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အပြင်ကို ရေတို အနေနဲ့လဲ ခန္ဓာကိုယ်ဝလာခြင်း၊ အသားရေခြောက်သွေ့လာခြင်း၊ဖောလာခြင်း၊ အိပ်ရေးမဝခြင်း၊ကိုယ်သင်းနံ့မကောင်းခြင်းများ တဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့်ပမာဏထိန်း သောက်ပြီး မိမိကိုယ်ကို အလွန်အကျွံမဖြစ်စေရန်သတိမူသင့်ပါတယ်။

 

2. ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးလေ့မရှိခြင်း

 

အမျိုးသားအများစုက မိမိခံစားနေရသော ရောဂါလက္ခဏာတစုံတခုရှိပါကသက်ဆိုင်ရာဆေးရုံဆေးခန်းသွားပြီး တိုင်ပင်ဆွေးနွေးမှုအပိုင်းမှာ အမျိုးသမီးများထက်အားနည်းတာတွေ့ရပါတယ်။ ဒါကိုလည်း တချို့ရောဂါတွေတွေ့ရှိမှုပိုင်းမှာနှောင့်နှေးစေတတ်လို့ အချိန်မလွန်ခင် အချို့ရောဂါလက္ခဏာရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုလည်း အချိန်ပေးသင့်ပါတယ်။

 

3. ခံစားချက် Feelings များကို မြိုသိပ်ထား

 

တတ်ခြင်းဒီနေရာမှာလဲ အမျိုးသားများနဲ့ အမျိုးသမီးများကွာခြားချက်ကိုတွေ့ရပါတယ်။ များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများလောက်ခံစားချက်များ အလုပ်ကိစ္စများကို မိမိမိတ်ဆွေများကို တိုင်ပင်ဆွေးနွေးမှုပိုင်းမှာအားနည်းတတ်ကြပါတယ်။ ပျော်နေလားစိတ်ဓာတ်ကျနေလား ဘေးလူ တွေ မသိရအောင်နေတတ်ကြပါတယ်။ဒေါသနဲ့ စိတ်ဓာတ်ကျစရာများရှိပါက မိမိချစ်ခင်ယုံကြည်ရသူများနဲ့တိုင်ပင်ခြင်းက လည်း မလိုလားအပ်ပဲနှလုံးရောဂါ ရရှိမှုကို ကာကွယ်နိုင်ပါတယ်။

 

4.ကိုယ်ခန္ဓာအတွက်Gym Training များခြင်း

 

Gym သွားပြီး အပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးကိုယ်ခန္ဓာလှအောင်လုပ်ခြင်းထက် ကျွမ်းကျင်သော personal trainer တယောက်ယောက်ရဲ့အကူအညီနဲ့ အစားအသောက် plan မှ အစ ကစားပုံများအဆုံး စနစ်တကျကစားသင့်ပါတယ်။ အားကစားနဲ့ကျန်းမာရေးသိပ္ပံပညာရှင်များရဲ့ဖော်ပြချက်အရ အပြင်းအထန်လေ့ကျင့်ခန်း လုပ်ခြင်း ကိုမိနစ်၉၀ထက်ကျော်လွန်၍ လုပ်ခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေပြီး ဖျားနာခြင်းကိုဖြစ်ပေါ်စေပါတယ်။

 

5. ဆေးလိပ်သောက်ခြင်း

 

စဉ်းစားတွေးခေါ်ရင်း လုပ်ငန်းအကြောင်းပြောဆိုခြင်းမှ အစ အကြောင်းအမျိုးမျိုး ကြောင့် ဆေးလိပ်သောက်မိရာမှ ဖြတ်ရခက်သော အဆင့်ထိရောက်ရှိတတ်ပါတယ်။

ဆေးလိပ်သောက်ခြင်းက မောလွယ်ခြင်း၊ အဆုတ်ရောဂါ၊နှလုံးရောဂါ၊ အမျိုးသားစွမ်းဆောင်

ရည်ကျဆင်းခြင်းရောဂါ မှ သည် အဆုတ်ကင်ဆာ၊လေဖြတ်ခြင်း၊ကလေးမရခြင်းအထိဆိုးကျိုးများစွာရရှိနိုင်ပါတယ်။

 

6.Fast Food အလွန်အကျွံစားသုံးခြင်း

 

American Research Center တခုက လေ့လာတွေ့ရှိချက်အရ ၄၇%သောအမျိုးသားများ နှင့် ၃၅% သောအမျိုးသမီးများ က အပတ်စဉ်အပြင်အစားအစာစားလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ အသင့်ချက် အမြန်ချက်ထားသောFast Food များဟာ မိမိတနေ့လိုအပ်ချက်ထက်ပိုလွန်သော calorie ကယ်လိုရီများပါဝင်ပြီး ဆား၊အရသာမှုန့်ပါဝင်မှုများသောကြောင့် အဝလွန်ခြင်း၊နှလုံးရောဂါဖြစ်ပွားခြင်း၊ဆီးချိုနဲ့ကင်ဆာရောဂါဖြစ်ပွားမှုများကို အားပေးနိုင်ပါတယ်

 

အထက်ပါ အပြုအမူများက ယနေ့မြို့ပြလူငယ်အများစုမှာ တွေ့ရလေ့ရှိပြီး တန်ဆေးလွန်ဘေးမဖြစ်ပဲ ဆင်ခြင်နိုင်အောင်တင်ပြလိုက်ပါတယ်။

 

အားလုံးပဲဘေးကင်းကျန်းမာပါစေ။

 

Ref:

https://www.realbuzz.com/articles-interests/health/article/11-worst-health-mistakes-men-make/

 

[Zawgyi]

 

အမ်ိဳးသားတို႔ျပဳမူေလ့ရွိေသာ ေနထိုင္မႈပုံစံအမွားမ်ား

 

ေခတ္လူငယ္၊လူလတ္ အမ်ိဳးသားမ်ားရဲ႕ ၿမိဳ႕ျပလူေနမႈစ႐ိုက္ မ်ားအနက္ အခ်ိဳ႕ေနထိုင္ပုံမ်ားက မိမိက်န္းမာေရးအေပၚဘယ္လိုထိခိုက္ေစႏိုင္ တယ္ဆိုတာတင္ျပသြားမွာ ျဖစ္ပါတယ္။

 

မ်ားေသာအားျဖင့္ အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားနဲ႔ယွဥ္ရင္ မိမိကိုယ္ကို ဂ႐ုစိုက္မႈ ပိုမိုအားနည္းတတ္ၾကပါတယ္။ ဒါေၾကာင့္သတိမမူမိတဲ့ ေရွာင္ၾကဥ္သင့္ေသာ အျပဳအမူေလးေတြကို စုစည္းတင္ျပထားလိုက္ပါတယ္။

 

1. Alcohol အလြန္အကြၽံေသာက္ျခင္း

 

အလုပ္ကအျပန္ stress စိတ္ဖိစီးမႈမ်ားလို႔ ေသာက္မိျခင္း၊ လုပ္ငန္းစကားေျပာဆိုမႈေၾကာင့္ေသာက္မိျခင္း၊ အလုပ္ေအာင္ျမင္၍ဂုဏ္ျပဳအထိမ္းအမွတ္အေနျဖင့္ ေသာက္ျခင္း၊ ပိတ္ရက္ သူငယ္ခ်င္းမ်ားဆုံ၍ေသာက္မိျခင္းစသျဖင့္ ၿမိဳ႕ျပလူငယ္လူလတ္အမ်ားစုက မသိမသာနဲ႔ အရက္ဘီယာေသာက္သုံးမႈပမာဏမ်ားျပားလာပါတယ္။

 

ေရရွည္မွာ က်န္းမာေရးထိခိုက္တဲ့အျပင္ကို ေရတို အေနနဲ႔လဲ ခႏၶာကိုယ္ဝလာျခင္း၊ အသားေရေျခာက္ေသြ႕လာျခင္း၊ေဖာလာျခင္း၊ အိပ္ေရးမဝျခင္း၊ကိုယ္သင္းနံ႔မေကာင္းျခင္းမ်ား တျဖည္းျဖည္းေပၚေပါက္လာတတ္ပါတယ္။ ဒါေၾကာင့္ပမာဏထိန္း ေသာက္ၿပီး မိမိကိုယ္ကို အလြန္အကြၽံမျဖစ္ေစရန္သတိမူသင့္ပါတယ္။

 

2. ဆရာဝန္ႏွင့္တိုင္ပင္ေဆြးေႏြးေလ့မရွိျခင္း

 

အမ်ိဳးသားအမ်ားစုက မိမိခံစားေနရေသာ ေရာဂါလကၡဏာတစုံတခုရွိပါကသက္ဆိုင္ရာေဆး႐ုံေဆးခန္းသြားၿပီး တိုင္ပင္ေဆြးေႏြးမႈအပိုင္းမွာ အမ်ိဳးသမီးမ်ားထက္အားနည္းတာေတြ႕ရပါတယ္။ ဒါကိုလည္း တခ်ိဳ႕ေရာဂါေတြေတြ႕ရွိမႈပိုင္းမွာေႏွာင့္ေႏွးေစတတ္လို႔ အခ်ိန္မလြန္ခင္ အခ်ိဳ႕ေရာဂါလကၡဏာရွိပါက ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။ ပုံမွန္က်န္းမာေရးစစ္ေဆးမႈကိုလည္း အခ်ိန္ေပးသင့္ပါတယ္။

 

3. ခံစားခ်က္ Feelings မ်ားကို ၿမိဳသိပ္ထား

 

တတ္ျခင္းဒီေနရာမွာလဲ အမ်ိဳးသားမ်ားနဲ႔ အမ်ိဳးသမီးမ်ားကြာျခားခ်က္ကိုေတြ႕ရပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားေလာက္ခံစားခ်က္မ်ား အလုပ္ကိစၥမ်ားကို မိမိမိတ္ေဆြမ်ားကို တိုင္ပင္ေဆြးေႏြးမႈပိုင္းမွာအားနည္းတတ္ၾကပါတယ္။ ေပ်ာ္ေနလားစိတ္ဓာတ္က်ေနလား ေဘးလူ ေတြ မသိရေအာင္ေနတတ္ၾကပါတယ္။ေဒါသနဲ႔ စိတ္ဓာတ္က်စရာမ်ားရွိပါက မိမိခ်စ္ခင္ယုံၾကည္ရသူမ်ားနဲ႔တိုင္ပင္ျခင္းက လည္း မလိုလားအပ္ပဲႏွလုံးေရာဂါ ရရွိမႈကို ကာကြယ္ႏိုင္ပါတယ္။

 

4.ကိုယ္ခႏၶာအတြက္Gym Training မ်ားျခင္း

 

Gym သြားၿပီး အျပင္းအထန္ေလ့က်င့္ခန္းလုပ္ၿပီးကိုယ္ခႏၶာလွေအာင္လုပ္ျခင္းထက္ ကြၽမ္းက်င္ေသာ personal trainer တေယာက္ေယာက္ရဲ႕အကူအညီနဲ႔ အစားအေသာက္ plan မွ အစ ကစားပုံမ်ားအဆုံး စနစ္တက်ကစားသင့္ပါတယ္။ အားကစားနဲ႔က်န္းမာေရးသိပၸံပညာရွင္မ်ားရဲ႕ေဖာ္ျပခ်က္အရ အျပင္းအထန္ေလ့က်င့္ခန္း လုပ္ျခင္း ကိုမိနစ္၉၀ထက္ေက်ာ္လြန္၍ လုပ္ျခင္းသည္ ခႏၶာကိုယ္ခုခံအားစနစ္ကို အားနည္းေစၿပီး ဖ်ားနာျခင္းကိုျဖစ္ေပၚေစပါတယ္။

 

5. ေဆးလိပ္ေသာက္ျခင္း

 

စဥ္းစားေတြးေခၚရင္း လုပ္ငန္းအေၾကာင္းေျပာဆိုျခင္းမွ အစ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ေဆးလိပ္ေသာက္မိရာမွ ျဖတ္ရခက္ေသာ အဆင့္ထိေရာက္ရွိတတ္ပါတယ္။

ေဆးလိပ္ေသာက္ျခင္းက ေမာလြယ္ျခင္း၊ အဆုတ္ေရာဂါ၊ႏွလုံးေရာဂါ၊ အမ်ိဳးသားစြမ္းေဆာင္

ရည္က်ဆင္းျခင္းေရာဂါ မွ သည္ အဆုတ္ကင္ဆာ၊ေလျဖတ္ျခင္း၊ကေလးမရျခင္းအထိဆိုးက်ိဳးမ်ားစြာရရွိႏိုင္ပါတယ္။

 

6.Fast Food အလြန္အကြၽံစားသုံးျခင္း

 

American Research Center တခုက ေလ့လာေတြ႕ရွိခ်က္အရ ၄၇%ေသာအမ်ိဳးသားမ်ား ႏွင့္ ၃၅% ေသာအမ်ိဳးသမီးမ်ား က အပတ္စဥ္အျပင္အစားအစာစားေလ့ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ အသင့္ခ်က္ အျမန္ခ်က္ထားေသာFast Food မ်ားဟာ မိမိတေန႔လိုအပ္ခ်က္ထက္ပိုလြန္ေသာ calorie ကယ္လိုရီမ်ားပါဝင္ၿပီး ဆား၊အရသာမႈန႔္ပါဝင္မႈမ်ားေသာေၾကာင့္ အဝလြန္ျခင္း၊ႏွလုံးေရာဂါျဖစ္ပြားျခင္း၊ဆီးခ်ိဳနဲ႔ကင္ဆာေရာဂါျဖစ္ပြားမႈမ်ားကို အားေပးႏိုင္ပါတယ္

 

အထက္ပါ အျပဳအမူမ်ားက ယေန႔ၿမိဳ႕ျပလူငယ္အမ်ားစုမွာ ေတြ႕ရေလ့ရွိၿပီး တန္ေဆးလြန္ေဘးမျဖစ္ပဲ ဆင္ျခင္ႏိုင္ေအာင္တင္ျပလိုက္ပါတယ္။

 

အားလုံးပဲေဘးကင္းက်န္းမာပါေစ။

 

Ref:

https://www.realbuzz.com/articles-interests/health/article/11-worst-health-mistakes-men-make/

Leave a Reply

Your email address will not be published. Required fields are marked *