သားသားမီးမီးလေးတွေအတွက် မေမေတို့ရဲ့ မရှိမဖြစ် အားဆေး များအကြောင်း

 

အားလုံးပဲမင်္ဂလာပါ။

ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာကတော့ ခလေးအတွက် အားဆေး တွေဟာ တကယ်ရော မရှိမဖြစ်လို အပ်ရဲ့ လား၊အားဆေးတွေရဲ့ ဆိုးကျိုး၊ကောင်းကျိုးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

Multivitamin အားဆေးတွေဟာ ခလေးတွေ အတွက် တကယ်လိုအပ်လား။

 

ကျန်းမာသန်စွမ်းပြီး ပုံမှန်ကြီးထွားနေတဲ့ ခလေး တစ်ယောက်အတွက် အားဆေးတွေဟာ မဖြစ်မနေ လိုအပ်တဲ့ အရာ မဟုတ်ပါဘူး။နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အစားအသောက်တွေကသာနေ လုံလောက်စွာ ရရှိပါတယ်။ခလေး အများစုဟာ အစားအသောက် ဂျီးများတတ်ကြပါတယ်။ အစားဂျီးများတိုင်း အာဟာရချို့တဲ့ တာ မဟုတ်ပါဘူး။ဥပမာပေးရရင် မနက်စာ အနေနဲ့ ခလေးတွေကြိုက်ကြတဲ့ cereal ,နွားနို့ တွေမှာ ဗီတာမင် ဒီ၊ဘီ၊ကယ်ဆီယမ်နဲ့ သံဓာတ်တွေ များစွာပါဝင်ပါတယ်။

 

• ဗီတာမင် အားဆေးတွေရဲ့ ဆိုးကျိူးကောင်းကျိုးများ

 

ဗီတာမင်အားဆေးတွေကို နေ့စဉ် လိုအပ်သော ပမာဏတိုက်ကျွေးပေးပါက အန္တရာယ် မရှိပါဘူး။သို့သော် လိုအပ်တာထက် ပိုပြီး သောက်သုံးပါက အန္တရာယ် ဖြစ်နိုင်ပါတယ်။ အထူးသတိပြုရမှာက ဗီတာမင်ဆေးတွေ တိုက်ကျွေးရာမှာ ခလေးတွေကို သကြားလုံး၊ချိုချဉ်လို့ ပြောပြီးကျွေးတာမျိုးကို ရှောင်ကြဉ်ပါ။ ခလေးက ချိုချဉ် ၊သကြားလုံးထင်ပြီး မေမေတို့ ကွယ်ရာမှာ အများကြီးစားနေတတ်ပါတယ်။ဆေးတိုက်ကျွေးပြီးလျှင် ခလေးတွေ မမှီတဲ့ နေရာမှာ ထားထားပါ။

 

ဘယ်လို ခလေးတွေမှာ ဗီတာမင်အားဆေးလိုအပ်လဲ။

 

အောက်ဖော်ပြပါ အခြေအနေရှိသော ခလေးတွေမှာ ကျွမ်းကျင်တဲ့ ဆရာဝန်နှင့် တိုင်ပင်ပြီး ဗီတာမင်အားဆေး သောက်သုံးရန်လိုအပ်ပါတယ်။
၁) ကိုယ် ခန္ဓာ ညှပ်ခြင်း(ပေါင်မပြည့်သော ခလေး)
၂) မွေးရာပါ ရောဂါအခံရှိသောခလေး
၃) အစားအသောက် အများ အပြားနဲ့ ဓာတ်မတည့်မှု ရှိသောခလေးများ
၄) သားသတ်လွတ်စားသောခလေးများ တို့ ဖြစ်ပါတယ်။

 

• Vitamin အမျိုးအစားများ

 

အားဆေးတွေက်ု များသောအားဖြင့် ကိုယ်ခန္ဓာဖွံ့ဖြိုးရန်၊ အစာစားချင်စိတ်ဖြစ်ရန်၊၊ကိုယ်ခံအားကောင်းစေရန် အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်ကြပါတယ်။

 

အားဆေးတွေမှာ အဓိကပါဝင်ကြတဲ့ ဗီတာမင်နှင့် ၎င်းတို့ အသုံးဝင်ပုံ

 

၁)ဗီတာမင်အေ – အရိုးအဆစ်ကြွက်သားတွေကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေပြီး အသားအရည် ကြည်လင်၊မျက်လုံးအားကောင်းစေပါတယ် ။ဗီတာမင် အေကို ချိသ်၊ကြက်ဥ၊မုန်လာဥနီ ၊နွားနို့ အစရှိတဲ့ အစားအသောက်တွေကနေလဲ ရနိုင်ပါတယ်။

 

၂) ဗီတာမင် ဘီ အုပ်စုများ (B2,B3,B6,B12) – သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ်တွေဖွံ့ဖြိုးစေနိုင်ပါတယ်။ အသား၊ငါး၊ဥ အမျိုးမျိုး ၊ နို့ ထွက်ပစ္စည်း တွေမှာ ဗီတာမင် ဘီအုပ်စု ပါဝင်ပါတယ်။

 

၃) ဗိတာမင် ဒီ- အရိုးနှင့် သွားများကို ကြံ့ခိုင်သန်မာစေပါတယ်။ ဗီတာမင် ဒီကို နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ဆယ်လ်မွန်ငါးလို ငါးမျိုးတွေမှာပါဝင်ပါတယ်။ ဗီတာမင်ဒီ အဓိကရစေတဲ့ အရင်းအမြစ်ကတော့ နေရောင်ခြည် ဖြစ်ပါတယ်။

 

၄) သံဓာတ်-ကြွက်သားတွေကို တည်ဆောက်ပေးပြီး သွေးနီဥ ထုတ်လုပ်မှုမှာ အဓိကပါဝင်ပါတယ်။ ဒါ့ကြောင့် သံဓာတ်နည်းပါက သွေးအားနည်းရောဂါကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် အပျိုဖော်ဝင်ခါစ မိန်းခလေးတွေမှာ သံဓာတ်အားနည်းတာ တွေ့ရတတ်ပါတယ်။ သံဓာတ်ကို အမဲသား နှင့် အခြား နီရဲသော အသားများ ၊ဝက်သား ၊ဟင်းနုနွယ်တို့စားသုံးခြင်းဖြင့် ရပါတယ်။

 

၅) Omega-3 (ငါးကြီးဆီ) -ငါးကြီးဆီဟာ ဦးနှောက်စေဖို့ အဓိက အထောက်အကူပေးပါတယ်။ငါးကြီဆီဟာ ခလေးတိုင်း လိုအပ်တဲ့ အားဆေးမဟုတ်ပါဘူး။ငါးကြီးဆီကို ပုဇွန် ၊ခရု ၊ဆယ်လ်မွန်ငါ၊ငါးသေတ္တာငါး အစရှိတဲ့ ငါး အမမျိုး မျိုး စားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။

 

၆) zinc (ဇင့်) -zinc ဓာတ်ဟာ ကခန္ဓာကိုယ် အတွက် အနည်းငယ်သာ လို အပ်ပြီး ပိုလျှံတဲ့ ပမာဏကိုလဲ ခန္ဓာကိုယ်တွင်း မသိမ်းထားဘဲ ပြင်ပကို စွန့်ထုတ်လိုက်ပါတယ်။၎င်းဟာ ကိုယ်ခံအားကောင်းစေခြင်း၊အနာအကျက်မြန်ခြင်း နှင့် ဝမ်းလျောဝမ်းပျက် ဖြစ်တဲ့ အခါ မှသာ အဓိက လိုအပ်တာ ဖြစ်ပါတယ်။

 

၇) ဗီတာမင် စီ – ဗီတာမင်စီကို သွားဖုံးရေစီကမ်းပြိုလိုက်ခြင်းကို ကာကွယ်ပေးပါတယ်။ဒါ့အပြင် အနာကျက် မြန်စေခြင်းနှင့် ကိုယ်ခံအားကောင်းစေပါတယ်။အထူးသတိပြုရမှာက ဗီတာမင်စီဟာ ဖျားနာ ခြင်းကို သက်သာစေတာ မဟုတ်ပဲ ကိုယ်ခံအားစနစ်ကိုသာ မြှင့်တင်ပေးတာပါ။ဗီတာမင်စီတမျိုးထဲ ပါဝင်တဲ့ အားဆေးတွေကို ရေရှည်စွဲမသောက်သင့်ပါဘူး။ပမာဏ အများကြီး တခါတည်းသောက်မိပါက ဝမ်းပျက်ဝမ်းလျောခြင်း ၊ဗိုက်နာခြင်း၊အူးမော ပျို့အန်ခြင်းများဖြစ်တတ်သလို ကြာရှည်စွဲသောက်ပါက ဆီးကျောက် တည်ခြင်းကဲ့သို့ရောဂါများ ဖြစ်တတ်ပါတယ်။ဒါ့အပြင် G6PD ဓာတ်ချို့တဲ့သော ကလေးများမှာလည်း ဗီတာမင်စီကို နေ့စဉ် လိုအပ်တဲ့ ပမာဏထက်ပိုမသောက်သင့်ပါဘူး။ ခလေးတစ်ယောက်မှာ နေ့စဉ် ဗီတာမင်စီ 15mg -75 mg သာလိုအပ်ပါတယ်။ ဗီတာမင်စီကိူ ချဉ်သော အသီးအနှံများ ၊စတော်ဘယ်ရီ၊ ကီဝီသီး ၊ပန်းဂေါ်ဖီ အစရှိသည်တို့မှ ရရှိနိုင်ပါတယ်။

 

Dr Htet

 

[Zawgyi]

 

သားသားမီးမီးေလးေတြအတြက္ ေမေမတို႔ရဲ႕ မရွိမျဖစ္ အားေဆး မ်ားအေၾကာင္း

 

အားလုံးပဲမဂၤလာပါ။

ဒီေန႔ေဆြးေႏြးေပးမဲ့ အေၾကာင္းအရာကေတာ့ ခေလးအတြက္ အားေဆး ေတြဟာ တကယ္ေရာ မရွိမၿဖစ္လို အပ္ရဲ႕ လား၊အားေဆးေတြရဲ႕ ဆိုးက်ိဳး၊ေကာင္းက်ိဳးေတြကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

 

Multivitamin အားေဆးေတြဟာ ခေလးေတြ အတြက္ တကယ္လိုအပ္လား။

 

က်န္းမာသန္စြမ္းၿပီး ပုံမွန္ႀကီးထြားေနတဲ့ ခေလး တစ္ေယာက္အတြက္ အားေဆးေတြဟာ မျဖစ္မေန လိုအပ္တဲ့ အရာ မဟုတ္ပါဘူး။ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ဓာတ္ေတြကို အစားအေသာက္ေတြကသာေန လုံေလာက္စြာ ရရွိပါတယ္။ခေလး အမ်ားစုဟာ အစားအေသာက္ ဂ်ီးမ်ားတတ္ၾကပါတယ္။ အစားဂ်ီးမ်ားတိုင္း အာဟာရခ်ိဳ႕တဲ့ တာ မဟုတ္ပါဘူး။ဥပမာေပးရရင္ မနက္စာ အေနနဲ႔ ခေလးေတြႀကိဳက္ၾကတဲ့ cereal ,ႏြားႏို႔ ေတြမွာ ဗီတာမင္ ဒီ၊ဘီ၊ကယ္ဆီယမ္နဲ႔ သံဓာတ္ေတြ မ်ားစြာပါဝင္ပါတယ္။

 

• ဗီတာမင္ အားေဆးေတြရဲ႕ ဆိုးက်ိဴးေကာင္းက်ိဳးမ်ား

 

ဗီတာမင္အားေဆးေတြကို ေန႔စဥ္ လိုအပ္ေသာ ပမာဏတိုက္ေကြၽးေပးပါက အႏၲရာယ္ မရွိပါဘူး။သို႔ေသာ္ လိုအပ္တာထက္ ပိုၿပီး ေသာက္သုံးပါက အႏၲရာယ္ ျဖစ္ႏိုင္ပါတယ္။ အထူးသတိျပဳရမွာက ဗီတာမင္ေဆးေတြ တိုက္ေကြ်းရာမွာ ခေလးေတြကို သၾကားလုံး၊ခ်ိဳခ်ဥ္လို႔ ေျပာၿပီးေကြၽးတာမ်ိဳးကို ေရွာင္ၾကဥ္ပါ။ ခေလးက ခ်ိဳခ်ဥ္ ၊သၾကားလုံးထင္ၿပီး ေမေမတို႔ ကြယ္ရာမွာ အမ်ားႀကီးစားေနတတ္ပါတယ္။ေဆးတိုက္ေကြၽးၿပီးလွ်င္ ခေလးေတြ မမွီတဲ့ ေနရာမွာ ထားထားပါ။

 

ဘယ္လို ခေလးေတြမွာ ဗီတာမင္အားေဆးလိုအပ္လဲ။

 

ေအာက္ေဖာ္ျပပါ အေျခအေနရွိေသာ ခေလးေတြမွာ ကြၽမ္းက်င္တဲ့ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ဗီတာမင္အားေဆး ေသာက္သုံးရန္လိုအပ္ပါတယ္။
၁) ကိုယ္ ခႏၶာ ညႇပ္ျခင္း(ေပါင္မျပည့္ေသာ ခေလး)
၂) ေမြးရာပါ ေရာဂါအခံရွိေသာခေလး
၃) အစားအေသာက္ အမ်ား အျပားနဲ႔ ဓာတ္မတည့္မႈ ရွိေသာခေလးမ်ား
၄) သားသတ္လြတ္စားေသာခေလးမ်ား တို႔ ျဖစ္ပါတယ္။

 

• Vitamin အမ်ိဳးအစားမ်ား

 

အားေဆးေတြက္ု မ်ားေသာအားျဖင့္ ကိုယ္ခႏၶာဖြ႕ံၿဖိဳးရန္၊ အစာစားခ်င္စိတ္ျဖစ္ရန္၊၊ကိုယ္ခံအားေကာင္းေစရန္ အစရွိတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ တိုက္ၾကပါတယ္။

 

အားေဆးေတြမွာ အဓိကပါဝင္ၾကတဲ့ ဗီတာမင္ႏွင့္ ၄င္းတို႔ အသုံးဝင္ပုံ

 

၁)ဗီတာမင္ေအ – အ႐ိုးအဆစ္ႂကြက္သားေတြကို ေကာင္းမြန္စြာ ဖြံ႕ၿဖိဳးေစၿပီး အသားအရည္ ၾကည္လင္၊မ်က္လုံးအားေကာင္းေစပါတယ္ ။ဗီတာမင္ ေအကို ခ်ိသ္၊ၾကက္ဥ၊မုန္လာဥနီ ၊ႏြားႏို႔ အစရွိတဲ့ အစားအေသာက္ေတြကေနလဲ ရႏိုင္ပါတယ္။

 

၂) ဗီတာမင္ ဘီ အုပ္စုမ်ား (B2,B3,B6,B12) – ေသြးလည္ပတ္မႈႏွင့္ အာ႐ုံေၾကာစနစ္ေတြဖြံ႕ၿဖိဳးေစႏိုင္ပါတယ္။ အသား၊ငါး၊ဥ အမ်ိဳးမ်ိဳး ၊ ႏို႔ ထြက္ပစၥည္း ေတြမွာ ဗီတာမင္ ဘီအုပ္စု ပါဝင္ပါတယ္။

 

၃) ဗိတာမင္ ဒီ– အ႐ိုးႏွင့္ သြားမ်ားကို ႀကံ့ခိုင္သန္မာေစပါတယ္။ ဗီတာမင္ ဒီကို ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားႏွင့္ ဆယ္လ္မြန္ငါးလို ငါးမ်ိဳးေတြမွာပါဝင္ပါတယ္။ ဗီတာမင္ဒီ အဓိကရေစတဲ့ အရင္းအျမစ္ကေတာ့ ေနေရာင္ျခည္ ျဖစ္ပါတယ္။

 

၄) သံဓာတ္-ႀကြက္သားေတြကို တည္ေဆာက္ေပးၿပီး ေသြးနီဥ ထုတ္လုပ္မႈမွာ အဓိကပါဝင္ပါတယ္။ ဒါ့ေၾကာင့္ သံဓာတ္နည္းပါက ေသြးအားနည္းေရာဂါကို ခံစားရတတ္ပါတယ္။ အထူးသျဖင့္ အပ်ိဳေဖာ္ဝင္ခါစ မိန္းခေလးေတြမွာ သံဓာတ္အားနည္းတာ ေတြ႕ရတတ္ပါတယ္။ သံဓာတ္ကို အမဲသား ႏွင့္ အျခား နီရဲေသာ အသားမ်ား ၊ဝက္သား ၊ဟင္းႏုႏြယ္တို႔စားသုံးျခင္းျဖင့္ ရပါတယ္။

 

၅) Omega-3 (ငါးႀကီးဆီ) -ငါးႀကီးဆီဟာ ဦးေႏွာက္ေစဖို႔ အဓိက အေထာက္အကူေပးပါတယ္။ငါးႀကီဆီဟာ ခေလးတိုင္း လိုအပ္တဲ့ အားေဆးမဟုတ္ပါဘူး။ငါးႀကီးဆီကို ပုဇြန္ ၊ခ႐ု ၊ဆယ္လ္မြန္ငါ၊ငါးေသတၱာငါး အစရွိတဲ့ ငါး အမမ်ိဳး မ်ိဳး စားသုံးျခင္းကေန ရရွိႏိုင္ပါတယ္။

 

၆) zinc (ဇင့္) -zinc ဓာတ္ဟာ ကခႏၶာကိုယ္ အတြက္ အနည္းငယ္သာ လို အပ္ၿပီး ပိုလွ်ံတဲ့ ပမာဏကိုလဲ ခႏၶာကိုယ္တြင္း မသိမ္းထားဘဲ ျပင္ပကို စြန္႔ထုတ္လိုက္ပါတယ္။၄င္းဟာ ကိုယ္ခံအားေကာင္းေစျခင္း၊အနာအက်က္ျမန္ျခင္း ႏွင့္ ဝမ္းေလ်ာဝမ္းပ်က္ ျဖစ္တဲ့ အခါ မွသာ အဓိက လိုအပ္တာ ျဖစ္ပါတယ္။

 

၇) ဗီတာမင္ စီ – ဗီတာမင္စီကို သြားဖုံးေရစီကမ္းၿပိဳလိုက္ျခင္းကို ကာကြယ္ေပးပါတယ္။ဒါ့အျပင္ အနာက်က္ ျမန္ေစျခင္းႏွင့္ ကိုယ္ခံအားေကာင္းေစပါတယ္။အထူးသတိျပဳရမွာက ဗီတာမင္စီဟာ ဖ်ားနာ ျခင္းကို သက္သာေစတာ မဟုတ္ပဲ ကိုယ္ခံအားစနစ္ကိုသာ ျမႇင့္တင္ေပးတာပါ။ဗီတာမင္စီတမ်ိဳးထဲ ပါဝင္တဲ့ အားေဆးေတြကို ေရရွည္စြဲမေသာက္သင့္ပါဘူး။ပမာဏ အမ်ားႀကီး တခါတည္းေသာက္မိပါက ဝမ္းပ်က္ဝမ္းေလ်ာျခင္း ၊ဗိုက္နာျခင္း၊အူးေမာ ပ်ိဳ႕အန္ျခင္းမ်ားျဖစ္တတ္သလို ၾကာရွည္စြဲေသာက္ပါက ဆီးေက်ာက္ တည္ျခင္းကဲ့သို႔ေရာဂါမ်ား ျဖစ္တတ္ပါတယ္။ဒါ့အျပင္ G6PD ဓာတ္ခ်ိဳ႕တဲ့ေသာ ကေလးမ်ားမွာလည္း ဗီတာမင္စီကို ေန႔စဥ္ လိုအပ္တဲ့ ပမာဏထက္ပိုမေသာက္သင့္ပါဘူး။ ခေလးတစ္ေယာက္မွာ ေန႔စဥ္ ဗီတာမင္စီ 15mg -75 mg သာလိုအပ္ပါတယ္။ ဗီတာမင္စီကိူ ခ်ဥ္ေသာ အသီးအႏွံမ်ား ၊စေတာ္ဘယ္ရီ၊ ကီဝီသီး ၊ပန္းေဂၚဖီ အစရွိသည္တို႔မွ ရရွိႏိုင္ပါတယ္။

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *