G6PD ချို့တဲ့ရောဂါ အကြောင်းသိကောင်းစရာများ

 

G6PD ဆိုတာသွေးထဲမှာ glucose 6 phosphate dehydrogenase(G6PD) လိုတဲ့ ခေါ်တဲ့ ဓာတ်တစ်မျိုးမွေးရာပါ ချို့တဲ့ တဲ့ ရောဂါဖြစ်ပါတယ်။ G6PD အင်းဇိုင်းဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာ လုပ်နိုင်အောင် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးနီဥ ကို ပြင်ပ အန္တရာယ် တွေမှ ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးပါပြီး သွေးနီဥ ရဲ့သက်တမ်းကုန်ဆုံးသည်အထိနေနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ် G6PD ရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ်။

 

G6PD အင်ဇိုင်းမရှိရ ချို့တဲ့ ရောဂါလက္ခဏာများ

 

အထက်မှာ ပြောခဲ့တဲ့ G6PD ရဲ့ လုပ်ငန်းဆောင်တာအရ G6PD အင်ဇိုင်း မရှိတဲ့ အခါ သွေးနီဥ တွေဟာ သက်တမ်းမကုန်ခင် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တွင်း သွေးနီဥ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ ခံစားရပါတယ်။ ၎င်းလက္ခဏာတွေကတော့
၁) ဆီးအရောင်ရင့်ခြင်း ( ကိုကာကိုလာ အရောင်)
၂) ဝမ်းထဲသွေးပါခြင်း
၃) အသားဝါခြင်း

 

သွေးနီဥ ပေါက်ကွဲမှု များသည့်အတွက် သွေးအားနည်းရောဂါလဲ ခံစားလာရပြီး အောက်ပါလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

 

၁) အသားအရောင်ဖြူဖျော့လာခြင်း
၂) မောခြင်း
၃) နုန်းချိခြင်း
၄) ရင်တုန်ခြင်း
၅) မူးမောခြင်း တို့ခံစားလာရတတ်ပါတယ်။

 

G6PD အင်ဇိုင်း ချို့တဲ့ ရောဂါရှိတာကို ဘယ်လို သိနိုင်မလဲ။

 

G6PD အင်ဇိုင်းဓာတ်ကို သွေးစစ်ကြည့်ယုံဖြင့် အင်ဇိုင်း ချို့တဲ့ မတဲ့ သိနိုင်ပါတယ်။အများစုက လက္ခဏာ မပြတတ်တဲ့ အတွက် ဆရာဝန်က သံသယရှိပါက သွေးစစ်ကြည့်မှ သိတာမျိုးလည်းရှိပါတယ်။ ယနေ့ခေတ်မှာတော့ မွေးကင်းစ အရွယ် တည်းက ဆရာဝန်က ရှိမရှိ တခါတည်းစစ်ပေးခြင်းပေးတတ်ကြပါတယ်။

 

G6PD အင်ဇိုင်းချို့တဲ့သူတွေ ဆောင်ရမဲ့ အရာတွေက ဘာတွေလဲ။

 

လုံးဝရှောင် ကြဉ်ရမဲ့ အရာတွေကတော့
၁) ပရုပ်လုံး
၂) menthol ( ပူရှိန်း)ပါတဲ့ ပစ္စည်းများ ၊ အစားအသောက်များ
၃) ပဲကြီး
၄) aspirin ကဲ့သို့ အကိုက်အခဲ ပျောက်ဆေးများ
၅) ငှက်ဖျား ရောဂါပျောက်ဆေးများ
၆) တချို့သော တိုင်းရင်ဆေးများ အစရှိသည်တို့ ဖြစ်ပါတယ်။

 

G6PD ရောဂါကို ကုလို့ရလား။

 

G6PD ဟာ မွေးရာပါရောဂါမို့ ကုလို့မရပါ။ သူနဲ့ဓာတ်မတည့်တဲ့ အစားအသောက် တွေ ပစ္စည်းတွေကို မသုံးဖို့သာ ဆင်ခြင်ရပါမယ်။

 

G6PD ရောဂါကို ဘယ်လို ကုသလဲ။

 

များသောအားဖြင့်တော့ မတည့်တဲ့ ဆေးဝါး၊ပစ္စည်းတွေ သောက်သုံးမိရင် အဲ့တာတွေကိူ ချက်ချင်းရပ်ပစ်ပြီး စောင့်ကြည့်ရပါမယ်။ သွေးအားနည်း လက္ခဏာတွေပါ ခံစားရင်တော့ လို အပ်ရင် အောက်ဆီဂျင်ပေးတာ၊drip ချိတ်ရတာမျိုး လိုအပ်ပါတယ်။ လက္ခာ အရမ်းဆိုးရင်တော့ သွေးသွင်းရတဲ့ အခြေအနေမျိုးထိ ဖြစ်နိုင်ပါတယ်။

 

Dr Htet

 

 

[Zawgyi]

 

G6PD ခ်ိဳ႕တဲ့ေရာဂါ အေၾကာင္းသိေကာင္းစရာမ်ား

 

G6PD ဆိုတာေသြးထဲမွာ glucose 6 phosphate dehydrogenase(G6PD) လိုတဲ့ ေခၚတဲ့ ဓာတ္တစ္မ်ိဳးေမြးရာပါ ခ်ိဳ႕တဲ့ တဲ့ ေရာဂါျဖစ္ပါတယ္။ G6PD အင္းဇိုင္းဟာ ေသြးနီဥရဲ႕ လုပ္ငန္းေဆာင္တာေတြေကာင္းမြန္စြာ လုပ္ႏိုင္ေအာင္ ပ့ံပိုးေပးတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေသြးနီဥ ကို ျပင္ပ အႏၲရာယ္ ေတြမွ ထိခိုက္မႈမရွိေအာင္လည္း ကာကြယ္ေပးပါၿပီး ေသြးနီဥ ရဲ႔သက္တမ္းကုန္ဆုံးသည္အထိေနႏိုင္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ ခႏၶာကိုယ္ G6PD ေရာဂါဟာ မ်ိဳး႐ိုးလိုက္တတ္ၿပီး အမ်ိဳးသားေတြမွာ ပိုၿပီး အျဖစ္မ်ားတာကိုေတြ႕ရပါတယ္။

 

G6PD အင္ဇိုင္းမရွိရ ခ်ိဳ႕တဲ့ ေရာဂါလကၡဏာမ်ား

 

အထက္မွာ ေျပာခဲ့တဲ့ G6PD ရဲ႕ လုပ္ငန္းေဆာင္တာအရ G6PD အင္ဇိုင္း မရွိတဲ့ အခါ ေသြးနီဥ ေတြဟာ သက္တမ္းမကုန္ခင္ ေပါက္ကြဲသြားၿပီး ခႏၶာကိုယ္တြင္း ေသြးနီဥ ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ လကၡဏာေတြ ခံစားရပါတယ္။ ၄င္းလကၡဏာေတြကေတာ့
၁) ဆီးအေရာင္ရင့္ျခင္း ( ကိုကာကိုလာ အေရာင္)
၂) ဝမ္းထဲေသြးပါျခင္း
၃) အသားဝါျခင္း

 

ေသြးနီဥ ေပါက္ကြဲမႈ မ်ားသည္႔အတြက္ ေသြးအားနည္းေရာဂါလဲ ခံစားလာရၿပီး ေအာက္ပါလကၡဏာမ်ား ျဖစ္ေပၚတတ္ပါတယ္။

 

၁) အသားအေရာင္ျဖဴေဖ်ာ့လာျခင္း
၂) ေမာျခင္း
၃) ႏုန္းခ်ိျခင္း
၄) ရင္တုန္ျခင္း
၅) မူးေမာျခင္း တို႔ခံစားလာရတတ္ပါတယ္။

 

G6PD အင္ဇိုင္း ခ်ိဳ႕တဲ့ ေရာဂါရွိတာကို ဘယ္လို သိႏိုင္မလဲ။

 

G6PD အင္ဇိုင္းဓာတ္ကို ေသြးစစ္ၾကည့္ယုံျဖင့္ အင္ဇိုင္း ခ်ိဳ႕တဲ့ မတဲ့ သိႏိုင္ပါတယ္။အမ်ားစုက လကၡဏာ မျပတတ္တဲ့ အတြက္ ဆရာဝန္က သံသယရွိပါက ေသြးစစ္ၾကည့္မွ သိတာမ်ိဳးလည္းရွိပါတယ္။ ယေန႔ေခတ္မွာေတာ့ ေမြးကင္းစ အ႐ြယ္ တည္းက ဆရာဝန္က ရွိမရွိ တခါတည္းစစ္ေပးျခင္းေပးတတ္ၾကပါတယ္။

 

G6PD အင္ဇိုင္းခ်ိဳ႕တဲ့သူေတြ ေဆာင္ရမဲ့ အရာေတြက ဘာေတြလဲ။

 

လုံးဝေရွာင္ ၾကဥ္ရမဲ့ အရာေတြကေတာ့
၁) ပ႐ုပ္လုံး
၂) menthol ( ပူရွိန္း)ပါတဲ့ ပစၥည္းမ်ား ၊ အစားအေသာက္မ်ား
၃) ပဲႀကီး
၄) aspirin ကဲ့သို႔ အကိုက္အခဲ ေပ်ာက္ေဆးမ်ား
၅) ငွက္ဖ်ား ေရာဂါေပ်ာက္ေဆးမ်ား
၆) တခ်ိဳ႕ေသာ တိုင္းရင္ေဆးမ်ား အစရွိသည္တို႔ ျဖစ္ပါတယ္။

 

G6PD ေရာဂါကို ကုလို႔ရလား။

 

G6PD ဟာ ေမြးရာပါေရာဂါမို႔ ကုလို႔မရပါ။ သူနဲ့ဓာတ္မတည့္တဲ့ အစားအေသာက္ ေတြ ပစၥည္းေတြကို မသုံးဖို႔သာ ဆင္ျခင္ရပါမယ္။

 

G6PD ေရာဂါကို ဘယ္လို ကုသလဲ။

 

မ်ားေသာအားျဖင့္ေတာ့ မတည့္တဲ့ ေဆးဝါး၊ပစၥည္းေတြ ေသာက္သုံးမိရင္ အဲ့တာေတြကိူ ခ်က္ခ်င္းရပ္ပစ္ၿပီး ေစာင့္ၾကည့္ရပါမယ္။ ေသြးအားနည္း လကၡဏာေတြပါ ခံစားရင္ေတာ့ လို အပ္ရင္ ေအာက္ဆီဂ်င္ေပးတာ၊drip ခ်ိတ္ရတာမ်ိဳး လိုအပ္ပါတယ္။ လကၡာ အရမ္းဆိုးရင္ေတာ့ ေသြးသြင္းရတဲ့ အေျခအေနမ်ိဳးထိ ျဖစ္ႏိုင္ပါတယ္။

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *