Heel spur လို့ခေါ်တဲ့ ခြေထောက်အတက်ထွက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?

 

💁 Heel spur ဆိုတာ ခြေဖနောင့်အောက်မှာ calcium တွေစုပုံလို့ အရိုးအတက်ထွက်လာတာမျိုးကိုခေါ်တာပါ။ ခြေထောက်အရွတ်ရောင်တာနဲ့အများအားဖြင့်တွဲနေတတ်ကြတယ်။

 

ခြေထောက်အတက်ထွက်တဲ့အခါ…

 

မနက်နိုးလို့ မတ်တပ်ရပ်လိုက်တဲ့အချိန်ဆို ခြေဖနောင့်မှာ ဓားနဲ့ထိုးနေသလိုကိုနာကျင်မယ်
ခြေဖနောင့်ရှေ့မှာ ရောင်ရမ်းနေမယ်
တစ်နေ့လုံးလည်း ခြေဖနောင့်မှာအောင့် တောင့်တောင့်နဲ့ဖြစ်နေမယ်
ခြေဖနောင့်အောက်မှာ တစ်ခုခုထွက်နေသလိုခံစားချက်မျိုးရမယ်
ခြေဗလာလမ်းလျှောက်တဲ့အခါ ဖြစ်နေတဲ့နေရာမှာ အရမ်းနာကျင်မယ်

 

ဒီလိုခြေထောက်အတက်ထွက်တာဟာ…

 

💁 ခြေဖဝါးကြွက်သားတွေ အရွတ်တွေကို အားစိုက်လွန်းတာကြောင့်
💁 ခြေဖနောင့်ကနေ ခြေချောင်းလေးတွေထိဆက်သွယ်ပေးထားတဲ့ tissue အလွှာကိုအတင်းဆွဲဆန့်မှုကြောင့်
💁 ခြေဖနောင့်အရိုးကို ကာပေးထားတဲ့အမြှေးပါးမကြာခဏထိခိုက်ဒဏ်ရာရမှုတွေကြောင့်ဖြစ်တတ်ပါတယ်။

 

ဒါတွေသက်သာဖို့ကို….

 

❤ လေ့ကျင့်ခန်းပြုလုပ်တာ
❤ ရောင်ရမ်းနေတဲ့နေရာကို ရေခဲဝတ်လေးကပ်ပေးတာ
❤ မာတဲ့ဖိနပ်တွေရှောင်ပြီး အနေတော်ဖိနပ်ပျော့လေးတွေဝတ်ဆင်တာ
❤ အကိုက်အခဲပျောက်ဆေး သောက်ဆေး၊ထိုးဆေးစသဖြင့်ပေးတာ
❤ ဒါတွေနဲ့လုံးဝမသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်တာမျိုးတွေပြုလုပ်ရတတ်ပါတယ်။

 

ဒေါက်တာသွန်းထည်ဝါ

 

[Zawgyi]

Heel spur လို႔ေခၚတဲ့ ေျခေထာက္အတက္ထြက္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ?

 

💁 Heel spur ဆိုတာ ​ေျခဖေနာင့္ေအာက္မွာ calcium ေတြစုပုံလို႔ အ႐ိုးအတက္ထြက္လာတာမ်ိဳးကိုေခၚတာပါ။ ေျခေထာက္အ႐ြတ္ေရာင္တာနဲ႔အမ်ားအားျဖင့္တြဲေနတတ္ၾကတယ္။

 

​​ေျခေထာက္အတက္ထြက္တဲ့အခါ…

 

မနက္ႏိုးလို႔ မတ္တပ္ရပ္လိုက္တဲ့အခ်ိန္ဆို ေျခဖေနာင့္မွာ ဓားနဲ႔ထိုးေနသလိုကိုနာက်င္မယ္
ေျခဖေနာင့္ေရွ႕မွာ ေရာင္ရမ္းေနမယ္
တစ္ေန႔လုံးလည္း ေျခဖေနာင့္မွာေအာင့္ ေတာင့္ေတာင့္နဲ႔ျဖစ္ေနမယ္
ေျခဖေနာင့္ေအာက္မွာ တစ္ခုခုထြက္ေနသလိုခံစားခ်က္မ်ိဳးရမယ္
ေျခဗလာလမ္းေလွ်ာက္တဲ့အခါ ျဖစ္ေနတဲ့ေနရာမွာ အရမ္းနာက်င္မယ္

 

ဒီလိုေျခေထာက္အတက္ထြက္တာဟာ…

 

💁 ေျခဖဝါးႂကြက္သားေတြ အ႐ြတ္ေတြကို အားစိုက္လြန္းတာေၾကာင့္
💁 ေျခဖေနာင့္ကေန ေျခေခ်ာင္းေလးေတြထိဆက္သြယ္ေပးထားတဲ့ tissue အလႊာကိုအတင္းဆြဲဆန္႔မႈေၾကာင့္
💁 ေျခဖေနာင့္အ႐ိုးကို ကာေပးထားတဲ့အေျမႇးပါးမၾကာခဏထိခိုက္ဒဏ္ရာရမႈေတြေၾကာင့္ျဖစ္တတ္ပါတယ္။

 

ဒါေတြသက္သာဖို႔ကို….

 

❤ ေလ့က်င့္ခန္းျပဳလုပ္တာ
❤ ေရာင္ရမ္းေနတဲ့ေနရာကို ေရခဲဝတ္ေလးကပ္ေပးတာ
❤ မာတဲ့ဖိနပ္ေတြေရွာင္ၿပီး အေနေတာ္ဖိနပ္ေပ်ာ့ေလးေတြဝတ္ဆင္တာ
❤ အကိုက္အခဲေပ်ာက္ေဆး ေသာက္ေဆး၊ထိုးေဆးစသျဖင့္ေပးတာ
❤ ဒါေတြနဲ႔လုံးဝမသက္သာေတာ့ဘူးဆိုရင္ေတာ့ ခြဲစိတ္တာမ်ိဳးေတြျပဳလုပ္ရတတ္ပါတယ္။

 

ေဒါက္တာသြန္းထည္ဝါ

Leave a Reply

Your email address will not be published. Required fields are marked *