နှလုံးကျန်းမာရေးအတွက် ဘာတွေစားသုံးပေးရမလဲ ?

၁။ အဆီနည်းသော၊ အမျှင်ဓာတ်ကြွယ်ဝသော ပဲအမျိုးမျိုး

 

 

ပဲမှာဆိုရင် ဖိုက်ဘာ၊မက်ဂနီဆီယမ် နဲ့    ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး သွေးတိုးရှိသူများအတွက် အထူးကောင်းမွန်ပြီး နှလုံးကျန်းမာရေးအတွက်အသုံးဝင်ပါတယ်။

၂။ သွေးပေါင်ချိန်ထိန်းညှိနိုင်စွမ်းရှိသော ဘယ်ရီသီးအမျိုးမျိုး

 

ဘယ်ရီသီးတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Anti-oxidant တွေများစွာပါဝင်ပါတယ်။ ဒီ Anti-oxidant တွေက နှလုံးရောဂါနဲ့ သွေးတိုးရောဂါများအတွက် များစွာအထောက်အကူပြုပါတယ်။

၃။ နှလုံးရောဂါကာကွယ်ပြီး Folate ဓာတ်များစွာပါသော အစိမ်းရောင်ရင့်ရင့်အရွက်များ

 

 

အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည်မြင့်မားသောသွေးပေါင်ချိန်ကိုကောင်းစွာစီမံရာတွင်ကူညီနိုင်သည့်နိုက်ထရိတ်များပေါများသည်။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ မုန်ညင်းအစိမ်း၊ ဂေါ်ဖီထုပ်နှင့်ပန်းဂေါ်ဖီစသည့်ဟင်းသီးဟင်းရွက်များထည့်ရမည်။

၄။ သွေးတွင်း ကိုလက်စထရောလ် ကျစေသော ဆယ်လ်မွန်ငါးများ

 

ဆယ်လ်မွန်ငါးတွေမှာ Omega 3 ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးတွင်းအဆီတွေကိုလျှော့ချရာမှာ အထူးကောင်းမွန်ပြီး နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

၅။ နှလုံးရောဂါနှင့် အတက်ရောဂါကာကွယ်ပေးနိုင်သော Oats (မုန့်ညက်)များ

 

 

Oats တွင် beta-glucan ဟုခေါ်သော ဖိုင်ဘာအမျိုးအစား ပါရှိသည်။ သွေးတွင်း ကိုလက်စထရောပမာဏ လျော့ကျစေပြီး သွေးပေါင်ချိန်ကိုလည်း လျှော့ချနိုင်သည်။ ဒါလေးတွေစားသုံးပေးခြင်းက သင့်နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။

#HealthyFoodsForHeart
#Procardmyanmar
#We_R_z_waka

Leave a Reply

Your email address will not be published. Required fields are marked *