ထောပတ်သီးက ပေးသော ကျန်းမာရေး ကောင်းကျိုးများ

 

🥑 ထောပတ်သီးက အခုလိုဆောင်းဝင်ချိန်မှာ ပေါပေါများများရရှိနိုင်တဲ့ ရာသီစာအသီးတစ်ခုပါ။ ထောပတ်သီးကို ဒီတိုင်းစားတာ၊ ဖျော်ရည်လုပ်သောက်တာ စသဖြင့်အမျိုးမျိုးလုပ်ပြီးစားသုံးကြတယ်။ ထောပတ်သီးမှာ Vitamin A/B/C/E/K စတာတွေအပြင် တခြား Vitamins နဲ့ သတ္တုဓာတ်တွေများစွာပါဝင်တဲ့အတွက် အလွန်ကို အာဟာရဓာတ်ပြည့်ဝတဲ့အသီးတစ်ခုလို့ဆိုရမှာပါ။ ပြီးတော့ Potassium ဓာတ်ရဖို့ဘာစားရမလဲဆိုရင် ဌက်ပျောသီးလို့ပဲ တော်တော်များများ
သိကြပေမယ့် ထောပတ်သီးမှာ ဌက်ပျောသီးထက်ပိုပြီး Potassium ဓာတ်ကပိုများပါတယ်။
အဲ့တာကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။

 

🥑 Fiber များများပါဝင်တဲ့ အသီးတစ်မျိုးကိုညွှန်းပါဆိုရင်လည်းထောပတ်သီးပါပဲ။ Fiber များများပါတဲ့အတွက် အစာအိမ်နဲ့အူလမ်း
ကြောင်းကချေဖျက်ရတာကြာပါတယ်။
ဒါ့ကြောင့် တော်တော်နဲ့ဗိုက်မဆာလို့ Diet လုပ်နေတဲ့သူတွေအတွက်အထူးသင့်တော်ပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းနည်းနည်းပဲပါတဲ့အတွက် Keto Diet plan တွေမှာလည်း ထောပတ်သီးကိုထည့်ထားကြတာကိုသတိထားမိကြမှာပါ။နောက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်စေနှုန်းကိုလည်း လျော့နည်းစေပါတယ်။ နောက်တစ်ခုက ခန္တာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့မကောင်းတဲ့ Cholesterol နဲ့ LDL ဆိုတဲ့အဆီတွေကို နည်းစေပြီး ကောင်းတဲ့ HDL လို့ခေါ်တဲ့အဆီတွေကို များလာစေတာပါ။ အဲ့တာကြောင့်မကောင်းတဲ့အဆီတွေစုပုံလို့ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာတွေဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွားစေပါတယ်။

 

🥑 ထောပတ်သီးကို အသီးအရွက်တွေနဲ့တွဲပြီးစားသုံးပေးခြင်းဟာ အသီးအရွက်တွေကနေရတဲ့
Antioxidants တွေကို ခန္တာကိုယ်ထဲစုပ်ယူမှုပိုကောင်းစေပါတယ်။ နောက်ပြီး ထောပတ်သီးကိုယ်တိုင်မှာလည်း Antioxidants တွေပါဝင်တဲ့အတွက် မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်စေပြီး အတွင်းတိမ်ဖြစ်တာကိုလျော့နည်းစေပါတယ်။

 

ဒါတွေကတော့ လူတိုင်းသတိမပြုမိတဲ့
ထောပတ်သီးစားသုံးခြင်းရဲ့ ကောင်းကျိုးတွေပါပဲ….👌။

 

ဒေါက်တာသက်လွှာ

 

[Zawgyi]

 

ေထာပတ္သီးက ေပးေသာ က်န္းမာေရး ေကာင္းက်ိဳးမ်ား

 

🥑 ေထာပတ္သီးက အခုလိုေဆာင္းဝင္ခ်ိန္မွာ ေပါေပါမ်ားမ်ားရရွိႏိုင္တဲ့ ရာသီစာအသီးတစ္ခုပါ။ ေထာပတ္သီးကို ဒီတိုင္းစားတာ၊ ေဖ်ာ္ရည္လုပ္ေသာက္တာ စသျဖင့္အမ်ိဳးမ်ိဳးလုပ္ၿပီးစားသုံးၾကတယ္။ ေထာပတ္သီးမွာ Vitamin A/B/C/E/K စတာေတြအျပင္ တျခား Vitamins နဲ႔ သတၱဳဓာတ္ေတြမ်ားစြာပါဝင္တဲ့အတြက္ အလြန္ကို အာဟာရဓာတ္ျပည့္ဝတဲ့အသီးတစ္ခုလို႔ဆိုရမွာပါ။ ၿပီးေတာ့ Potassium ဓာတ္ရဖို႔ဘာစားရမလဲဆိုရင္ ဌက္ေပ်ာသီးလို႔ပဲ ေတာ္ေတာ္မ်ားမ်ား
သိၾကေပမယ့္ ေထာပတ္သီးမွာ ဌက္ေပ်ာသီးထက္ပိုၿပီး Potassium ဓာတ္ကပိုမ်ားပါတယ္။
အဲ့တာေၾကာင့္ ေသြးေပါင္ခ်ိန္ကိုထိန္းညႇိေပးႏိုင္ပါတယ္။

 

🥑 Fiber မ်ားမ်ားပါဝင္တဲ့ အသီးတစ္မ်ိဳးကိုၫႊန္းပါဆိုရင္လည္းေထာပတ္သီးပါပဲ။ Fiber မ်ားမ်ားပါတဲ့အတြက္ အစာအိမ္နဲ႔အူလမ္း
ေၾကာင္းကေခ်ဖ်က္ရတာၾကာပါတယ္။
ဒါ့ေၾကာင့္ ေတာ္ေတာ္နဲ႔ဗိုက္မဆာလို႔ Diet လုပ္ေနတဲ့သူေတြအတြက္အထူးသင့္ေတာ္ပါတယ္။ ကာဗိုဟိုက္ဒရိတ္လည္းနည္းနည္းပဲပါတဲ့အတြက္ Keto Diet plan ေတြမွာလည္း ေထာပတ္သီးကိုထည့္ထားၾကတာကိုသတိထားမိၾကမွာပါ။ေနာက္ၿပီး ေသြးတြင္းသၾကားဓာတ္ ျမင့္တက္ေစႏႈန္းကိုလည္း ေလ်ာ့နည္းေစပါတယ္။ ေနာက္တစ္ခုက ခႏၲာကိုယ္ကို ဆိုးက်ိဳးျဖစ္ေစတဲ့မေကာင္းတဲ့ Cholesterol နဲ႔ LDL ဆိုတဲ့အဆီေတြကို နည္းေစၿပီး ေကာင္းတဲ့ HDL လို႔ေခၚတဲ့အဆီေတြကို မ်ားလာေစတာပါ။ အဲ့တာေၾကာင့္မေကာင္းတဲ့အဆီေတြစုပုံလို႔ျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္းတာေတြျဖစ္ဖို႔ ရာခိုင္ႏႈန္းနည္းသြားေစပါတယ္။

 

🥑 ေထာပတ္သီးကို အသီးအ႐ြက္ေတြနဲ႔တြဲၿပီးစားသုံးေပးျခင္းဟာ အသီးအ႐ြက္ေတြကေနရတဲ့
Antioxidants ေတြကို ခႏၲာကိုယ္ထဲစုပ္ယူမႈပိုေကာင္းေစပါတယ္။ ေနာက္ၿပီး ေထာပတ္သီးကိုယ္တိုင္မွာလည္း Antioxidants ေတြပါဝင္တဲ့အတြက္ မ်က္လုံးက်န္းမာေရးအတြက္ေကာင္းမြန္ေစၿပီး အတြင္းတိမ္ျဖစ္တာကိုေလ်ာ့နည္းေစပါတယ္။

 

ဒါေတြကေတာ့ လူတိုင္းသတိမျပဳမိတဲ့
ေထာပတ္သီးစားသုံးျခင္းရဲ႕ ေကာင္းက်ိဳးေတြပါပဲ….👌။

 

ေဒါက္တာသက္လႊာ

Leave a Reply

Your email address will not be published. Required fields are marked *