လက်ချောင်းထိပ်တွေ ဘာလို့ စပျစ်ခြောက်လို တွန့်လိမ်လာရတာ ?

 

ရေကူးတဲ့အခါ၊ ရေချိုးတာနည်းနည်းကြာသွားတဲ့အခါတွေမှာ လက်ချောင်းထိပ်တွေ စပျစ်ခြောက်လို တွန့်လိမ်သွားကြတာ သတိထားမိကြမှာပါ။ လက်ချောင်းထိပ်လေးတွေ၊ တခါတရံလက်ချောင်း၊လက်ဖဝါးတစ်ခုလုံး တွန့်လိမ်သွားပြီး စပျစ်ခြောက်နဲ့တောင် တူသွားပါတယ်။

 

အကယ်၍ လက်ချောင်းထိပ်တွေဟာ စပျစ်ခြောက်လို တွန့်လိမ်သွားရင် ယေဘုယျ အားဖြင့်တော့ အန္တရာယ်မရှိဘဲ သူ့အလိုလို ပြန်ကောင်းသွားကြပါတယ်။ ဒါပေမယ့် လက်ကစပျစ်ခြောက်လို အချိန်အကြာကြီး တွန့်လိမ်နေမယ်ဆိုရင်တော့ အဲ့ဒါဟာ ရေကြောင့်မဟုတ်တော့ပါဘူး။ ဒါဟာ ကျန်းမာရေးဆိုင်ရာချို့ယွင်းမှုရှိနေကြောင်း ပြသနေတဲ့ ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

 

ဘာတွေက လက်ချောင်းထိပ်တွေ စပျစ်ခြောက်လိုတွန့်လိမ်ခြင်းကို ဖြစ်စေတာလဲ?

 

အဲ့လိုမျိုးလက်ချောင်းထိပ်တွေ တွန့်လိမ်လာရတာဟာ လက်ချောင်းထိပ် အရေပြားအောက်မှာရှိတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ကျဉ်းသွားလို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေက အာရုံကြောစနစ်လုပ်ဆောင်ပုံ နှင့်လည်း ဆက်စပ်နေပါတယ်။

 

ရေနှင့်အကြာကြီးထိတွေ့မိလို့ လက်ချောင်းထပ်တွေ တွန့်လိမ်လာနိုင်သလို၊ အခြားဖြစ်စေနိုင်တဲ့ အရာတွေလည်းရှိပါတယ်။ ဥပမာအနေနဲ့ နဂိုရောဂါ အခံကြောင့် ခန္ဓာကိုယ်ရေဓာတ်နည်းနေရတာတွေ၊အာရုံကြော(nerve) ထိခိုက်မိတာတွေကြောင့်လည်း လက်ချောင်းထိပ်တွေ တွန့်လိမ်သွားနိုင်ပါတယ်။

 

လက်ချောင်းထိပ်တွေ စပျစ်ခြောက်လို တွန့်လိမ်ခြင်းကို ဖြစ်စေသော ရောဂါအခြေအနေများ

 

ရေဓာတ်ခမ်းခြောက်ခြင်း

 

တကယ်လို့သင်ဟာ ရေများများမသောက်ဖူးဆိုရင်၊အရေပြားတွေက ဆန့်နိုင်ကျုံ့နိုင်စွမ်းတွေ ဆုံးရှုံးသွားပါတယ်။ အဲ့ဒါက လက်ချောင်းထိပ်တွေနဲ့ တခြားနေရာတွေမှာရှိတဲ့ အရေပြားတွေကို တွန့်လိမ်စေပါတယ်။

 

ရေဓာတ်ခမ်းခြောက်နေပြီဆိုရင်

မောတာ
ပါးစပ်ခြောက်တာ
ဆီးဝါတာ
ခေါင်းမူးတာ
ခေါင်းကိုက်တာ
ရေဆာတာ တွေဖြစ်နိုင်ပါတယ်။

 

ဆီးချိုရောဂါ

 

ဆီးချိုရောဂါကြောင့် သွေးတွင်းအချိုဓာတ်များလာတာနဲ့အမျှကြာလာရင် လက်ချောင်းထိပ်တွေ တွန့်လိမ်လာနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် ချွေးထုတ်ပေးတဲ့ ဂလင်းအိတ်လေးတွေ ပျက်စီးနိုင်ပြီး အရေပြားခြောက်သွေ့မှုကိုဖြစ်စေပါတယ်။ ဆီးချိုဖြစ်လာရင် ခံစားရတဲ့ရောဂါဝေဒနာတွေကတော့

 

ဆီးခဏခဏသွားခြင်း
ရေဆာခြင်း
အစာဆာလောင်ခြင်း
မောပန်းနွမ်းနယ်ခြင်း
ဆီးထဲ ကီတုန်း(Ketone bodies)ပါဝင်မှုများလာခြင်း
အမြင်အာရုံဝေဝါးလာခြင်း
အလိုလို ကိုယ်အလေးချိန်ကျဆင်းလာခြင်း
ရောဂါပိုးတွေ မကြာခဏဝင်ရောက်ခြင်း

 

သိုင်းရိုက်(Thyroid) ရောဂါ

 

လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရိုက်(Thyroid Gland)က ခန္ဓာကိုယ်အပူချိန်ထိန်းပေးတာနဲ့ ဇီဝဖြစ်စဉ်ဖြစ်ခြင်းပျက်ခြင်းတွေမှာ ပါဝင်ပတ်သတ်နေပါတယ်။

သိုင်းရိုက်(thyroid)ရောဂါခံစားနေရတဲ့သူတွေမှာလည်း လက်ချောင်းထိပ်တွေ တွန့်နိုင်ပြီး၊ ခန္ဓာကိုယ်မှာ အစက်အပျောက်တွေ ပေါ်လာတတ်ကြပါတယ်။

 

ပြန်ရည်ဖောရောင်ခြင်း(Lymphedema)

 

ခြေထောက်နဲ့လက်မှာရှိတဲ့ ပြန်ရည်စနစ်တွေပိတ်လာတဲ့အခါ ခြေတွေ လက်တွေဟာ ဖောရောင်လာတတ်ကြပါတယ်။ အဲ့လိုမျိုးလက်တွေဖောရောင်လာတဲ့အခါမှာလည်း လက်ချောင်းထိပ်တွေ စပျစ်ခြောက်လို တွန့်လိမ်တတ်ပါတယ်။

 

လူးပတ်စ်(Lupus,SLE)

 

SLE ရောဂါဆိုတာ မိမိမှာရှိတဲ့ ကိုယ်ခံအားစနစ်က မိမိကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါဖြစ်ပြီး နာတာရှည်ရောင်ရမ်းမှုဝေဒနာတွေကို ခံစားရစေပါတယ်။ အဲ့လို ရောင်ရမ်းမှုတွေကြောင့်လည်း လက်ချောင်းထိပ်တွေ နီလာပြီး တွန့်လိမ်နိုင်ပါတယ်။

 

ဗိုက်တာမင် ဘီ-၁၂ အာနည်းခြင်း(Vitamin B-12 deficiency)

 

Vitamin B-12 က သင့်ရဲ့လက်ချောင်းထိပ်တွေကို စပျစ်ခြောက်လို မတွန့်သွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
Vitamin B-12 က အသား၊ငါးမှ အဓိကရရှိတာကြောင့် သတ်သတ်လွတ်စားတဲ့သူတွေမှာ Vitamin B-12 ချို့တဲ့တတ်ကြပါတယ်။

 

အနှစ်ချုပ်အနေနဲ့ ဘာတွေသိထားရမလဲဆိုတော့

 

ကျွနု်ပ်တို့ အားလုံးဟာ ရေကူးတဲ့အခါ၊ရေနဲ့ထိတွေ့တာများတဲ့အခါ လက်ချောင်းထိပ်တွေ တွန့်လိမ်ဖူးတာကို ကြုံဖူးကြမှာပါ။

 

တကယ်လို့ အဲ့ဒီလိုရေနှင့်ထိတွေ့တာကြောင့်မဟုတ်ဘဲ လက်ချောင်းထိပ်တွေ စပျစ်ခြောက်လို တွန့်လိမ်နေပြီဆိုရင် သတိထားရပါမယ်။

 

လက်ချောင်းထိပ်တွေ တွန့်လိမ်နေတာ မပျောက်သွားဘူးဆိုရင် ဆရာဝန်နှင့်ပြသကြည့်ပါ။ သင်ခံစားနေရတဲ့ အခြားရောဂါဝေဒနာတွေကိုလည်း ရေးမှတ်ထားပြီး ဆရာဝန်ကို ပြောပြပေးပါ။ အဲ့လိုရေးမှတ်ပြီး ပြောပြပေးခြင်းက ရောဂါရှိဖွေရာတွင် အထောက်အကူပြုပြီး လိုအပ်တဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်။

 

အားလုံးပဲကျန်းမာကြပါစေ။

 

Reference : www.healthline.com

 

ဇာနည်ထွန်း(ဆေး-၂)

 

[Zawgyi]

 

လက္ေခ်ာင္းထိပ္ေတြ ဘာလို႔ စပ်စ္ေၿခာက္လို တြန္႔လိမ္လာရတာ ?

 

ေရကူးတဲ့အခါ၊ ေရခ်ိဳးတာနည္းနည္းႀကာသြားတဲ့အခါေတြမွာ လက္ေခ်ာင္းထိပ္ေတြ စပ်စ္ေၿခာက္လို တြန္႔လိမ္သြားႀကတာ သတိထားမိႀကမွာပါ။ လက္ေခ်ာင္းထိပ္ေလးေတြ၊ တခါတရံလက္ေခ်ာင္း၊လက္ဖဝါးတစ္ခုလံုး တြန္႔လိမ္သြားၿပီး စပ်စ္ေၿခာက္နဲ႔ေတာင္ တူသြားပါတယ္။

 

အကယ္၍ လက္ေခ်ာင္းထိပ္ေတြဟာ စပ်စ္ေၿခာက္လို တြန္႔လိမ္သြားရင္ ေယဘုယ် အားၿဖင့္ေတာ့ အႏၱရာယ္မရွိဘဲ သူ႔အလိုလို ၿပန္ေကာင္းသြားႀကပါတယ္။ ဒါေပမယ့္ လက္ကစပ်စ္ေၿခာက္လို အခ်ိန္အႀကာႀကီး တြန္႔လိမ္ေနမယ္ဆိုရင္ေတာ့ အဲ့ဒါဟာ ေရေႀကာင့္မဟုတ္ေတာ့ပါဘူး။ ဒါဟာ က်န္းမာေရးဆိုင္ရာခ်ိဳ႕ယြင္းမႈရွိေနေႀကာင္း ၿပသေနတဲ့ ေရာဂါလကၡဏာတစ္ခုပဲၿဖစ္ပါတယ္။

 

ဘာေတြက လက္ေခ်ာင္းထိပ္ေတြ စပ်စ္ေၿခာက္လိုတြန္႔လိမ္ၿခင္းကို ၿဖစ္ေစတာလဲ?

 

အဲ့လိုမ်ိဳးလက္ေခ်ာင္းထိပ္ေတြ တြန္႔လိမ္လာရတာဟာ လက္ေခ်ာင္းထိပ္ အေရၿပားေအာက္မွာရွိတဲ့ ဆံခ်ည္မွ်င္ေသြးေႀကာေလးေတြ က်ဥ္းသြားလို႔ပဲၿဖစ္ပါတယ္။ အဲ့ဒီအေၿခအေနက အာရံုေႀကာစနစ္လုပ္ေဆာင္ပံု ႏွင့္လည္း ဆက္စပ္ေနပါတယ္။

 

ေရႏွင့္အႀကာႀကီးထိေတြ႔မိလို႔ လက္ေခ်ာင္းထပ္ေတြ တြန္႔လိမ္လာႏိုင္သလို၊ အၿခားၿဖစ္ေစႏုိင္တဲ့ အရာေတြလည္းရွိပါတယ္။ ဥပမာအေနနဲ႔ နဂိုေရာဂါ အခံေႀကာင့္ ခႏၶာကိုယ္ေရဓာတ္နည္းေနရတာေတြ၊အာရံုေႀကာ(nerve) ထိခိုက္မိတာေတြေႀကာင့္လည္း လက္ေခ်ာင္းထိပ္ေတြ တြန္႔လိမ္သြားႏိုင္ပါတယ္။

 

လက္ေခ်ာင္းထိပ္ေတြ စပ်စ္ေၿခာက္လို တြန္႔လိမ္ၿခင္းကို ၿဖစ္ေစေသာ ေရာဂါအေၿခအေနမ်ား

 

ေရဓာတ္ခမ္းေၿခာက္ၿခင္း

 

တကယ္လို႔သင္ဟာ ေရမ်ားမ်ားမေသာက္ဖူးဆိုရင္၊အေရၿပားေတြက ဆန္႔ႏိုင္က်ံဳ႕ႏိုင္စြမ္းေတြ ဆံုးရႈံးသြားပါတယ္။ အဲ့ဒါက လက္ေခ်ာင္းထိပ္ေတြနဲ႔ တၿခားေနရာေတြမွာရွိတဲ့ အေရၿပားေတြကို တြန္႔လိမ္ေစပါတယ္။

 

ေရဓာတ္ခမ္းေၿခာက္ေနၿပီဆိုရင္

 

ေမာတာ
ပါးစပ္ေၿခာက္တာ
ဆီးဝါတာ
ေခါင္းမူးတာ
ေခါင္းကိုက္တာ
ေရဆာတာ ေတြၿဖစ္ႏိုင္ပါတယ္။

 

ဆီးခ်ိဳေရာဂါ

 

ဆီးခ်ိဳေရာဂါေႀကာင့္ ေသြးတြင္းအခ်ိဳဓာတ္မ်ားလာတာနဲ႔အမွ်ႀကာလာရင္ လက္ေခ်ာင္းထိပ္ေတြ တြန္႔လိမ္လာႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါေႀကာင့္ ေခြ်းထုတ္ေပးတဲ့ ဂလင္းအိတ္ေလးေတြ ပ်က္စီးႏိုင္ၿပီး အေရၿပားေၿခာက္ေသြ႔မႈကိုၿဖစ္ေစပါတယ္။ ဆီးခ်ိဳၿဖစ္လာရင္ ခံစားရတဲ့ေရာဂါေဝဒနာေတြကေတာ့

 

ဆီးခဏခဏသြားၿခင္း
ေရဆာၿခင္း
အစာဆာေလာင္ၿခင္း
ေမာပန္းႏြမ္းနယ္ၿခင္း
ဆီးထဲ ကီတုန္း(Ketone bodies)ပါဝင္မႈမ်ားလာၿခင္း
အၿမင္အာရံုေဝဝါးလာၿခင္း
အလိုလို ကိုယ္အေလးခ်ိန္က်ဆင္းလာၿခင္း
ေရာဂါပိုးေတြ မႀကာခဏဝင္ေရာက္ၿခင္း

 

သိုင္းရိုက္(Thyroid) ေရာဂါ

 

လည္ပင္းမွာရွိတဲ့ လိပ္ၿပာပံုစံ သိုင္းရိုက္(Thyroid Gland)က ခႏၶာကိုယ္အပူခ်ိန္ထိန္းေပးတာနဲ႔ ဇီဝၿဖစ္စဥ္ၿဖစ္ၿခင္းပ်က္ၿခင္းေတြမွာ ပါဝင္ပတ္သတ္ေနပါတယ္။

 

သိုင္းရိုက္(thyroid)ေရာဂါခံစားေနရတဲ့သူေတြမွာလည္း လက္ေခ်ာင္းထိပ္ေတြ တြန္႔ႏုိင္ၿပီး၊ ခႏၶာကိုယ္မွာ အစက္အေပ်ာက္ေတြ ေပၚလာတတ္ႀကပါတယ္။

 

ၿပန္ရည္ေဖာေရာင္ၿခင္း(Lymphedema)

 

ေၿခေထာက္နဲ႔လက္မွာရွိတဲ့ ၿပန္ရည္စနစ္ေတြပိတ္လာတဲ့အခါ ေၿခေတြ လက္ေတြဟာ ေဖာေရာင္လာတတ္ႀကပါတယ္။ အဲ့လိုမ်ိဳးလက္ေတြေဖာေရာင္လာတဲ့အခါမွာလည္း လက္ေခ်ာင္းထိပ္ေတြ စပ်စ္ေၿခာက္လို တြန္႔လိမ္တတ္ပါတယ္။

 

လူးပတ္စ္(Lupus,SLE)

 

SLE ေရာဂါဆိုတာ မိမိမွာရွိတဲ့ ကိုယ္ခံအားစနစ္က မိမိကို ၿပန္လည္တိုက္ခိုက္တဲ့ေရာဂါၿဖစ္ၿပီး နာတာရွည္ေရာင္ရမ္းမႈေဝဒနာေတြကို ခံစားရေစပါတယ္။ အဲ့လို ေရာင္ရမ္းမႈေတြေႀကာင့္လည္း လက္ေခ်ာင္းထိပ္ေတြ နီလာၿပီး တြန္႔လိမ္ႏိုင္ပါတယ္။

 

ဗိုက္တာမင္ ဘီ-၁၂ အာနည္းၿခင္း(Vitamin B-12 deficiency)

 

Vitamin B-12 က သင့္ရဲ႕လက္ေခ်ာင္းထိပ္ေတြကို စပ်စ္ေၿခာက္လို မတြန္႔သြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
Vitamin B-12 က အသား၊ငါးမွ အဓိကရရွိတာေႀကာင့္ သတ္သတ္လြတ္စားတဲ့သူေတြမွာ Vitamin B-12 ခ်ိဳ႕တဲ့တတ္ႀကပါတယ္။

 

အႏွစ္ခ်ဳပ္အေနနဲ႔ ဘာေတြသိထားရမလဲဆိုေတာ့

 

ကၽြႏု္ပ္တို႔ အားလံုးဟာ ေရကူးတဲ့အခါ၊ေရနဲ႔ထိေတြ႔တာမ်ားတဲ့အခါ လက္ေခ်ာင္းထိပ္ေတြ တြန္႔လိမ္ဖူးတာကို ႀကံဳဖူးႀကမွာပါ။

 

တကယ္လို႔ အဲ့ဒီလိုေရႏွင့္ထိေတြ႔တာေႀကာင့္မဟုတ္ဘဲ လက္ေခ်ာင္းထိပ္ေတြ စပ်စ္ေၿခာက္လို တြန္႔လိမ္ေနၿပီဆိုရင္ သတိထားရပါမယ္။

 

လက္ေခ်ာင္းထိပ္ေတြ တြန္႔လိမ္ေနတာ မေပ်ာက္သြားဘူးဆိုရင္ ဆရာဝန္ႏွင့္ၿပသႀကည့္ပါ။ သင္ခံစားေနရတဲ့ အၿခားေရာဂါေဝဒနာေတြကိုလည္း ေရးမွတ္ထားၿပီး ဆရာဝန္ကို ေၿပာၿပေပးပါ။ အဲ့လိုေရးမွတ္ၿပီး ေၿပာၿပေပးၿခင္းက ေရာဂါရွိေဖြရာတြင္ အေထာက္အကူၿပဳၿပီး လိုအပ္တဲ့ကုသမႈကို ေပးႏိုင္မွာၿဖစ္ပါတယ္။

 

အားလံုးပဲက်န္းမာႀကပါေစ။

 

Reference : www.healthline.com

 

ဇာနည္ထြန္း(ေဆး-၂)

Leave a Reply

Your email address will not be published. Required fields are marked *