အိမ်ထောင်ရေးအဆင်ပြေစေမယ့် လိင်ကျန်းမာရေး

 

အမျိုးသားအမျိုးသမီးတွေအတွက် လိင် နဲ့ပတ်သက်တဲ့ ဆက်ဆံရေးဟာကျန်းမာရေးနဲ့ဆက်စပ် နေပြီး အရေးကြီးတဲ့ ကိစ္စရပ်တခုပဲဖြစ်ပါတယ်။ လိင်စိတ်လျော့နည်းလာတာ၊ စိတ်ဝင်စားမှုလျော့နည်း လာတာ တွေကတခြားကျန်းမာရေးပြသနာတွေဆီကိုညွှန်ပြနေပါတယ်။ တချို့အမျိုးသားတွေအနေနဲ့ ဆေးလိပ်ဆေးရွက်ကြီးနဲ့ အရက်သောက်သုံးခြင်းကနေ သုတ်လွှတ်စော တာမျိုးတွေနဲ့ လိင်စိတ်လျော့နည်းတာမျိုးတွေဖြစ်လာတတ်ပါတယ်။
တချို့သောအမျိုးသမီးတွေ အနေနဲ့လည်း သောက်သုံးရတဲ့ဆေးဝါးတွေ စိတ်ဖိဆီးမှုတွေကြောင့် လိင်စိတ် လျော့နည်းလာတာတွေရှိတတ်ပါတယ်။

 

လိင်အင်္ဂါကြွက်နို့ရောဂါ၊ ဆစ်ဖလစ်ရောဂါနဲ့ ကာလသားရောဂါ တွေက လိင်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပြီးတော့ စောစီးစွာကုသနိုင်ဖို့လိုပါတယ်။ အမျိုးသားရော အမျိူးသမီးပါစိတ်‌ရောကိုယ်ပါ ကျန်းမာပြီး လိင်ဆက်ဆံခြင်း ကိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ရင်တော့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေရှိလို့နေပါတယ်။

 

၁။ကိုယ်ခံအားစနစ်ကိုကောင်း‌မွန်စေခြင်း

 

လိင်ပိုင်းဆိုင်ရာတက်ကြွသူတွေဟာ ဖျားနာခြင်းနည်းပါးတာကိုတွေ့ရပါတယ်။ လိင်ဆက်ဆံသူများရဲ့ ခန္ဓာကိုယ် တွေထဲကိုရောဂါပိုးများ၊ ဗိုင်းရပ်စ်များဝင်ခြင်းကိုသက်သာစေပါတယ်။ ဒါပေမယ့် ဒါဟာနည်းလမ်းမကျဘဲတွေ့သမျှအဖော်နဲ့ဆက်ဆံတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ Pennsylvania ပြည်နယ်ရှိ Wilkes တက္ကသိုလ်မှသုတေသီများရဲ့အဆိုအရ တစ်ပတ်လျှင် တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ် လိင်ဆက်ဆံတဲ့ ကောလိပ်ကျောင်းသားများဟာ လိင်ဆက်ဆံမှုနည်းပါးတဲ့ ကျောင်းသားများနဲ့ နှိုင်းယှဉ်ပါက Antibody ပိုမိုမြင့်မားသောအဆင့်ရှိတယ်လို့ဆိုပါတယ်။ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ရာ နေထိုင်သင့်တဲ့ နည်းလမ်းတွေကတော့ မှန်ကန်စွာစားသုံးခြင်း၊ တက်ကြွနေထိုင်ခြင်း၊ အိပ်စက်အနားယူခြင်း၊ STDရောဂါ တွေကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုခြင်းတွေပဲဖြစ်ပါတယ်

 

၂။ဆီးအိမ်ထိန်းချုပ်မှုကိုတိုးတက်စေခြင်း

 

အမျိုးသမီးများအနေနဲ့ သန်စွမ်းတဲ့တင်ပါးဆုံတွင်းကြွက်သားကောင်းမွန်ဖို့ရာ လေ့ကျင့်ပေးသင့်ပါတယ်။ ကောင်းမွန်တဲ့လိင်ဟာတင်ပါးဆုံတွင်းကြွက်သားများအတွက်လေ့ကျင့်ခန်းတစ်ခုနဲ့တူပါတယ်။ ကြွက်သားများကျုံ့သွားစေပြီးအားကောင်းစေပါတယ်။

 

၃။သွေးပေါင်ချိန်ကျစေခြင်း

 

သုတေသနပြုမှုတွေအရ လိင်ဆက်ဆံခြင်းနဲ့သွေးပေါင်ချိန်နိမ့်ကျခြင်းတွေမှာဆက်နွယ်မှုရှိပါတယ်။
ကောင်းမွန်တဲ့လိင်ဆက်ဆံခြင်းကနေ စိတ်ဖိဆီးမှုတွေကို လျော့ချပေးနိုင်ပြီး သွေးပေါင်ချိန် ကိုကျဆင်းစေပါတယ်

 

၄။‌လိင်ဆက်ဆံခြင်းဟာလေ့ကျင့်ခန်းတစ်ခုဖြစ်စေခြင်း

 

လိင်ဆက်ဆံခြင်းဟာခန္ဓာကိုယ်တွင်းကကြွက်သားအစုံကိုအသုံးပြုရတဲ့အတွက်နှလုံးခုန်နှုန်းကိုတိုးစေပြီး ကယ်လိုရီကိုကျ‌စေပါတယ် လေ့ကျင့်ခန်းတစ်ခုလုပ်သလိုမျိုးသဘောထားနိုင်ပါတယ်။

 

၅။ နှလုံးရောဂါလျော့နည်းစေခြင်း

 

ကောင်းမွန်တဲ့လိင်ဆက်ဆံရေးက နှလုံးရောဂါအတွက်မြှင့်တင်နိုင်ပြီး Estrogen နဲ့ Testosterone ဟော်မုန်းပမာဏကိုဟန်ချက်ညီဖို့ကူညီပေးပါတယ် လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင်အနည်းဆုံး ၂ ကြိမ် လိင်ဆက်ဆံတဲ့အမျိုးသားများဟာလိင်ဆက်ဆံမှုနည်းတဲ့အမျိုးသားများထက်ရုတ်တရက် နှလုံးတိုက်ခိုက်ခံရမှု နည်းပါးပါတယ်။

 

၆။ဆီးကျိတ်ကင်ဆာ ဖြစ်ခြင်းကို လျော့နည်းစေနိုင်ခြင်း

 

Journal of the American Medical Association ရဲ့အဆိုအရ မကြာခဏ သုတ်ပိုး အကြိမ်ကြိမ် ထုတ်‌လေ့ရှိတဲ့ အမျိုးသားများဟာဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းပါးပါတယ်။

 

၇။အိပ်စက်ခြင်းကိုကောင်းမွန်စေခြင်း

 

လိင်ဆက်ဆံပြီးနောက်သိသာတဲ့တချက်ကတော့ အိပ်စက်ခြင်းကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။ လိင်မှုကိစ္စပြီးတဲ့နောက်မှာ prolactin ဟော်မုန်းကိုထုတ်လွှတ်လိုက်ပြီးအပန်းဖြေမှုနဲ့အိပ်ချင်စိတ်တွေက တနေ့တာပင်ပန်းသမျှကိုသက်သာစေပါတယ်။

 

ဒေါက်တာနိုင်း (ဆေး၁)

 

[Zawgyi]

 

အိမ္ေထာင္ေရးအဆင္ေျပေစမယ့္ လိင္က်န္းမာေရး

 

အမ်ိဳးသားအမ်ိဳးသမီးေတြအတြက္ လိင္ နဲ႔ပတ္သက္တဲ့ ဆက္ဆံေရးဟာက်န္းမာေရးနဲ႔ဆက္စပ္ ေနၿပီး အေရးႀကီးတဲ့ ကိစၥရပ္တခုပဲျဖစ္ပါတယ္။ လိင္စိတ္ေလ်ာ့နည္းလာတာ၊ စိတ္၀င္စားမႈေလ်ာ့နည္း လာတာ ေတြကတျခားက်န္းမာေရးျပသနာေတြဆီကိုၫႊန္ျပေနပါတယ္။ တခ်ိဳ႕အမ်ိဳးသားေတြအေနနဲ႔ ေဆးလိပ္ေဆး႐ြက္ႀကီးနဲ႔ အရက္ေသာက္သုံးျခင္းကေန သုတ္လႊတ္ေစာ တာမ်ိဳးေတြနဲ႔ လိင္စိတ္ေလ်ာ့နည္းတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။
တခ်ိဳ႕ေသာအမ်ိဳးသမီးေတြ အေနနဲ႔လည္း ေသာက္သုံးရတဲ့ေဆးဝါးေတြ စိတ္ဖိဆီးမႈေတြေၾကာင့္ လိင္စိတ္ ေလ်ာ့နည္းလာတာေတြရွိတတ္ပါတယ္။

 

လိင္အဂၤါႂကြက္ႏို႔ေရာဂါ၊ ဆစ္ဖလစ္ေရာဂါနဲ႔ ကာလသားေရာဂါ ေတြက လိင္နဲ႔ပတ္သက္တဲ့ ေရာဂါေတြျဖစ္ၿပီးေတာ့ ေစာစီးစြာကုသႏိုင္ဖို႔လိုပါတယ္။ အမ်ိဳးသားေရာ အမ်ိဴးသမီးပါစိတ္‌ေရာကိုယ္ပါ က်န္းမာၿပီး လိင္ဆက္ဆံျခင္း ကိုေကာင္းမြန္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ရင္ေတာ့ ေကာင္းမြန္တဲ့ အက်ိဳးရလဒ္ေတြရွိလို႔ေနပါတယ္။

 

၁။ကိုယ္ခံအားစနစ္ကိုေကာင္း‌မြန္ေစျခင္း

 

လိင္ပိုင္းဆိုင္ရာတက္ႂကြသူေတြဟာ ဖ်ားနာျခင္းနည္းပါးတာကိုေတြ႕ရပါတယ္။ လိင္ဆက္ဆံသူမ်ားရဲ႕ ခႏၶာကိုယ္ ေတြထဲကိုေရာဂါပိုးမ်ား၊ ဗိုင္းရပ္စ္မ်ား၀င္ျခင္းကိုသက္သာေစပါတယ္။ ဒါေပမယ့္ ဒါဟာနည္းလမ္းမက်ဘဲေတြ႕သမွ်အေဖာ္နဲ႔ဆက္ဆံတာမ်ိဳးကိုဆိုလိုတာမဟုတ္ပါဘူး။ Pennsylvania ျပည္နယ္ရွိ Wilkes တကၠသိုလ္မွသုေတသီမ်ားရဲ႕အဆိုအရ တစ္ပတ္လွ်င္ တစ္ႀကိမ္(သို႔မဟုတ္)ႏွစ္ႀကိမ္ လိင္ဆက္ဆံတဲ့ ေကာလိပ္ေက်ာင္းသားမ်ားဟာ လိင္ဆက္ဆံမႈနည္းပါးတဲ့ ေက်ာင္းသားမ်ားနဲ႔ ႏႈိင္းယွဥ္ပါက Antibody ပိုမိုျမင့္မားေသာအဆင့္ရွိတယ္လို႔ဆိုပါတယ္။ ကိုယ္ခံအားစနစ္ ေကာင္းမြန္ဖို႔ရာ ေနထိုင္သင့္တဲ့ နည္းလမ္းေတြကေတာ့ မွန္ကန္စြာစားသုံးျခင္း၊ တက္ႂကြေနထိုင္ျခင္း၊ အိပ္စက္အနားယူျခင္း၊ STDေရာဂါ ေတြကာကြယ္ဖို႔ ကြန္ဒုံးအသုံးျပဳျခင္းေတြပဲျဖစ္ပါတယ္

 

၂။ဆီးအိမ္ထိန္းခ်ဳပ္မႈကိုတိုးတက္ေစျခင္း

 

အမ်ိဳးသမီးမ်ားအေနနဲ႔ သန္စြမ္းတဲ့တင္ပါးဆုံတြင္းႂကြက္သားေကာင္းမြန္ဖို႔ရာ ေလ့က်င့္ေပးသင့္ပါတယ္။ ေကာင္းမြန္တဲ့လိင္ဟာတင္ပါးဆုံတြင္းႂကြက္သားမ်ားအတြက္ေလ့က်င့္ခန္းတစ္ခုနဲ႔တူပါတယ္။ ႂကြက္သားမ်ားက်ဳံ႕သြားေစၿပီးအားေကာင္းေစပါတယ္။

 

၃။ေသြးေပါင္ခ်ိန္က်ေစျခင္း

 

သုေတသနျပဳမႈေတြအရ လိင္ဆက္ဆံျခင္းနဲ႔ေသြးေပါင္ခ်ိန္နိမ့္က်ျခင္းေတြမွာဆက္ႏြယ္မႈရွိပါတယ္။
ေကာင္းမြန္တဲ့လိင္ဆက္ဆံျခင္းကေန စိတ္ဖိဆီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ေသြးေပါင္ခ်ိန္ ကိုက်ဆင္းေစပါတယ္

 

၄။‌လိင္ဆက္ဆံျခင္းဟာေလ့က်င့္ခန္းတစ္ခုျဖစ္ေစျခင္း

 

လိင္ဆက္ဆံျခင္းဟာခႏၶာကိုယ္တြင္းကႂကြက္သားအစုံကိုအသုံးျပဳရတဲ့အတြက္ႏွလုံးခုန္ႏႈန္းကိုတိုးေစၿပီး ကယ္လိုရီကိုက်‌ေစပါတယ္ ေလ့က်င့္ခန္းတစ္ခုလုပ္သလိုမ်ိဳးသေဘာထားႏိုင္ပါတယ္။

 

၅။ ႏွလုံးေရာဂါေလ်ာ့နည္းေစျခင္း

 

ေကာင္းမြန္တဲ့လိင္ဆက္ဆံေရးက ႏွလုံးေရာဂါအတြက္ျမႇင့္တင္ႏိုင္ၿပီး Estrogen နဲ႔ Testosterone ေဟာ္မုန္းပမာဏကိုဟန္ခ်က္ညီဖို႔ကူညီေပးပါတယ္ ေလ့လာမႈတစ္ခုအရ တစ္ပတ္လွ်င္အနည္းဆုံး ၂ ႀကိမ္ လိင္ဆက္ဆံတဲ့အမ်ိဳးသားမ်ားဟာလိင္ဆက္ဆံမႈနည္းတဲ့အမ်ိဳးသားမ်ားထက္႐ုတ္တရက္ ႏွလုံးတိုက္ခိုက္ခံရမႈ နည္းပါးပါတယ္။

 

၆။ဆီးက်ိတ္ကင္ဆာ ျဖစ္ျခင္းကို ေလ်ာ့နည္းေစႏိုင္ျခင္း

 

Journal of the American Medical Association ရဲ႕အဆိုအရ မၾကာခဏ သုတ္ပိုး အႀကိမ္ႀကိမ္ ထုတ္‌ေလ့ရွိတဲ့ အမ်ိဳးသားမ်ားဟာဆီးႀကိတ္ကင္ဆာျဖစ္ပြားႏိုင္ေျခနည္းပါးပါတယ္။

 

၇။အိပ္စက္ျခင္းကိုေကာင္းမြန္ေစျခင္း

 

လိင္ဆက္ဆံၿပီးေနာက္သိသာတဲ့တခ်က္ကေတာ့ အိပ္စက္ျခင္းကိုေကာင္းမြန္ေစတာပဲျဖစ္ပါတယ္။ လိင္မႈကိစၥၿပီးတဲ့ေနာက္မွာ prolactin ေဟာ္မုန္းကိုထုတ္လႊတ္လိုက္ၿပီးအပန္းေျဖမႈနဲ႔အိပ္ခ်င္စိတ္ေတြက တေန႔တာပင္ပန္းသမွ်ကိုသက္သာေစပါတယ္။

 

ေဒါက္တာႏိုင္း (ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *