မိခင်နို့စနစ်တကျဘယ်လိုတိုက်မလဲ?

 

မိခင်နို့ဆိုတာကတော့သဘာဝတရားကပေးတဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်။
ကလေးနဲ့မိခင်ကြားမှာချစ်ခင်ရင်းနှီးမှုကိုပိုမိုရရှိစေပြီး မိသားစုငွေကြေးအကုန်ကျအနည်းဆုံးနဲ့ အကောင်းဆုံးအာဟာရလည်းဖြစ်ပါတယ်။ ဒါကြောင့် မိခင်နို့ကို စနစ်တကျ တိုက်ကျွေးနိုင်ဖို့ ကလည်းအရေးကြီးလှပါတယ်။

 

မိခင်သားမြတ်နို့သီးခေါင်းနေရာကို ရေချိုးတိုင်းမှာ သေချာစွာ သန့်စင် ပေးဖို့လိုပါတယ်။ ပြားပြီးအတွင်းကိုမြုတ်နေတတ်တဲ့ နို့သီးခေါင်းတွေကိုတော့ ရေချိုးတဲ့အချိန်မှာ လက်နဲ့ဆွဲထုတ်ပေးဖို့လိုပါတယ်။ လက်မနှစ်ဖက်ကို အသုံးပြုပြီး ချိုင့်နေတဲ့ နို့သီးခေါင်းတွေကို အပြင်ကိုတွန်းပေးသင့်ပါတယ်။ နို့တိုက်မိခင် တွေအနေနဲ့ တင်းကြပ်ပြီး ပူ‌တဲ့အဝတ်အထည်တွေကို မဝတ်ဆင်သင့်ပါဘူး။မိခင်နို့နဲ့တကိုယ်ရည်သန့်ရှင်းရေးကို ဂရုမစိုက်တဲ့အခါ မက်ခရုလိုရောဂါတွေက ကလေးဆီမှာဖြစ်ပေါ်တတ်ပါတယ်။

 

ရင်သွေးငယ်ကိုနို့တိုက် ကျွေးမယ်ဆိုရင် မွေး ပြီးချင်းတိုက်ပေးလို့ရသလို ကလေးနို့ဆာချိန်တိုင်းတိုက်ပေးဖို့လည်းလိုအပ်ပါတယ်။ ရင်သွေးငယ်ရဲ့နို့စို့ချိန်ကို အချိန်ကြာကြာလေး တိုက်ပေး ဖို့လိုပါတယ်။ ကလေးငယ်တစ်ဦးနို့ဆို့တဲ့အခါဗိုက်ဝပြီးမိခင်နို့ကိုလွှတ်ပြီးအိပ်ပျော်သွားတဲ့ထိတိုက်ကျွေးသင့်ပါတယ်။နို့အုံတစ်ဖက်ကို နာရီဝက်ခန့်စို့ဖို့ အချိန်ပေးရပါမယ်။

 

ကလေးက မိခင်နို့ကိုအပြည့်အဝသောက်ပြီးတဲ့အချိန်မှာ မိခင်နို့ကပျော့ကျသွားပါလိမ့်မယ်။ တကယ်လို့ကုန်အောင်မစို့နိုင်ဘဲ နို့အုံနေရာက တင်းပြီး ကျန်နေတာမျိုးရှိရင် နို့တွေကိုညှစ်ထုတ်ပစ်ရပါမယ်။ အဲ့လိုညှစ်ထုတ်ခြင်းအားဖြင့် မိခင်နို့ထွက်အားက ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ မိခင်နို့အကျန်တွေကို မညှစ်ထုတ်ဘဲထားမယ်ဆိုရင်တော့ ရေရှည်မှာ နို့ထွက်နည်းလာ ပါလိမ့်မယ်။ မိခင်နို့ကျန်ကိုညှစ်မယ်ဆိုရင်တော့ နာရီဝက်နီးပါး ခန့်အချိန်ပေးပြီး ညှစ်ထုတ်သင့်ပါတယ်။

 

နောက်ထပ်ဖြစ်တတ်တဲ့အကြောင်းတခုကတော့ ကလေးမှာလေထိုးတတ်တဲ့ ဝေဒနာပဲဖြစ်ပါတယ်။ လေထိုးလေအောင့်ဖြစ်ခြင်းကတော့ မိခင်ရဲ့နို့တိုက်ပုံမှာစနစ်ကျဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဦးခေါင်းဟာမိခင်ရဲ့တံတောင်ခွက်တွင်းမှာထားရှိပြီး တင်ပါးကိုတော့ မိခင်ရဲ့ လက်ဝါးပေါ် ထားရှိရမှာဖြစ်ပါတယ်။ နို့တိုက်စဉ်မှာ မိခင်ရဲ့ လက်ချောင်းတွေကို နို့အုံအောက်ခြေ ကနေပင့်ထားရမှာဖြစ်ပြီး လက်မက နို့အုံထိပ်ပိုင်းကို နည်းနည်းချင်းစီဖိပေးဖို့လိုပါတယ်။ ဒါမှသာ ကလေးငယ်အနေနဲ့ စနစ်တကျနို့စို့ရမှာဖြစ်ပြီး လေထိုးခြင်းမဖြစ်ပေါ်မှာဖြစ်ပါတယ် တကယ်လို့ကလေးကလေထိုးလေအောင့်ဖြစ်ပြီး ငိုနေမယ်ဆိုရင် ကလေးကိုမတ်မတ်ထိုင်ခိုင်းပြီး ဝမ်းဗိုက်ကို ငြင်သာစွာနဲ့ ပွတ်ပြီး ဖိပေးဖို့လိုပါတယ်။ကလေးကိုနို့တိုက်ပြီးတဲ့အခါ လေပုံမှန်ထုတ်ပေးခြင်းဖြင့် လေထိုးခြင်း ဝေဒနာကိုသက်သာစေပါတယ်။

 

ဒေါက်တာနိုင်း (ဆေး၁)

 

 

[Zawgyi]

 

မိခင္ႏို႔စနစ္တက်ဘယ္လိုတိုက္မလဲ?

 

မိခင္ႏို႔ဆိုတာကေတာ့သဘာ၀တရားကေပးတဲ့အေကာင္းဆုံးလက္ေဆာင္ပဲျဖစ္ပါတယ္။
ကေလးနဲ႔မိခင္ၾကားမွာခ်စ္ခင္ရင္းႏွီးမႈကိုပိုမိုရရွိေစၿပီး မိသားစုေငြေၾကးအကုန္က်အနည္းဆုံးနဲ႔ အေကာင္းဆုံးအာဟာရလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ မိခင္ႏို႔ကို စနစ္တက် တိုက္ေကြၽးႏိုင္ဖို႔ ကလည္းအေရးႀကီးလွပါတယ္။

 

မိခင္သားျမတ္ႏို႔သီးေခါင္းေနရာကို ေရခ်ိဳးတိုင္းမွာ ေသခ်ာစြာ သန႔္စင္ ေပးဖို႔လိုပါတယ္။ ျပားၿပီးအတြင္းကိုျမဳတ္ေနတတ္တဲ့ ႏို႔သီးေခါင္းေတြကိုေတာ့ ေရခ်ိဳးတဲ့အခ်ိန္မွာ လက္နဲ႔ဆြဲထုတ္ေပးဖို႔လိုပါတယ္။ လက္မႏွစ္ဖက္ကို အသုံးျပဳၿပီး ခ်ိဳင့္ေနတဲ့ ႏို႔သီးေခါင္းေတြကို အျပင္ကိုတြန္းေပးသင့္ပါတယ္။ ႏို႔တိုက္မိခင္ ေတြအေနနဲ႔ တင္းၾကပ္ၿပီး ပူ‌တဲ့အ၀တ္အထည္ေတြကို မ၀တ္ဆင္သင့္ပါဘူး။မိခင္ႏို႔နဲ႔တကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုမစိုက္တဲ့အခါ မက္ခ႐ုလိုေရာဂါေတြက ကေလးဆီမွာျဖစ္ေပၚတတ္ပါတယ္။

 

ရင္ေသြးငယ္ကိုႏို႔တိုက္ ေကြၽးမယ္ဆိုရင္ ေမြး ၿပီးခ်င္းတိုက္ေပးလို႔ရသလို ကေလးႏို႔ဆာခ်ိန္တိုင္းတိုက္ေပးဖို႔လည္းလိုအပ္ပါတယ္။ ရင္ေသြးငယ္ရဲ႕ႏို႔စို႔ခ်ိန္ကို အခ်ိန္ၾကာၾကာေလး တိုက္ေပး ဖို႔လိုပါတယ္။ ကေလးငယ္တစ္ဦးႏို႔ဆို႔တဲ့အခါဗိုက္၀ၿပီးမိခင္ႏို႔ကိုလႊတ္ၿပီးအိပ္ေပ်ာ္သြားတဲ့ထိတိုက္ေကြၽးသင့္ပါတယ္။ႏို႔အုံတစ္ဖက္ကို နာရီ၀က္ခန႔္စို႔ဖို႔ အခ်ိန္ေပးရပါမယ္။

 

ကေလးက မိခင္ႏို႔ကိုအျပည့္အ၀ေသာက္ၿပီးတဲ့အခ်ိန္မွာ မိခင္ႏို႔ကေပ်ာ့က်သြားပါလိမ့္မယ္။ တကယ္လို႔ကုန္ေအာင္မစို႔ႏိုင္ဘဲ ႏို႔အုံေနရာက တင္းၿပီး က်န္ေနတာမ်ိဳးရွိရင္ ႏို႔ေတြကိုညႇစ္ထုတ္ပစ္ရပါမယ္။ အဲ့လိုညႇစ္ထုတ္ျခင္းအားျဖင့္ မိခင္ႏို႔ထြက္အားက ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ မိခင္ႏို႔အက်န္ေတြကို မညႇစ္ထုတ္ဘဲထားမယ္ဆိုရင္ေတာ့ ေရရွည္မွာ ႏို႔ထြက္နည္းလာ ပါလိမ့္မယ္။ မိခင္ႏို႔က်န္ကိုညႇစ္မယ္ဆိုရင္ေတာ့ နာရီ၀က္နီးပါး ခန႔္အခ်ိန္ေပးၿပီး ညႇစ္ထုတ္သင့္ပါတယ္။

 

ေနာက္ထပ္ျဖစ္တတ္တဲ့အေၾကာင္းတခုကေတာ့ ကေလးမွာေလထိုးတတ္တဲ့ ေဝဒနာပဲျဖစ္ပါတယ္။ ေလထိုးေလေအာင့္ျဖစ္ျခင္းကေတာ့ မိခင္ရဲ႕ႏို႔တိုက္ပုံမွာစနစ္က်ဖို႔ လိုအပ္လို႔ပဲ ျဖစ္ပါတယ္။ ကေလးငယ္ရဲ႕ဦးေခါင္းဟာမိခင္ရဲ႕တံေတာင္ခြက္တြင္းမွာထားရွိၿပီး တင္ပါးကိုေတာ့ မိခင္ရဲ႕ လက္ဝါးေပၚ ထားရွိရမွာျဖစ္ပါတယ္။ ႏို႔တိုက္စဥ္မွာ မိခင္ရဲ႕ လက္ေခ်ာင္းေတြကို ႏို႔အုံေအာက္ေျခ ကေနပင့္ထားရမွာျဖစ္ၿပီး လက္မက ႏို႔အုံထိပ္ပိုင္းကို နည္းနည္းခ်င္းစီဖိေပးဖို႔လိုပါတယ္။ ဒါမွသာ ကေလးငယ္အေနနဲ႔ စနစ္တက်ႏို႔စို႔ရမွာျဖစ္ၿပီး ေလထိုးျခင္းမျဖစ္ေပၚမွာျဖစ္ပါတယ္ တကယ္လို႔ကေလးကေလထိုးေလေအာင့္ျဖစ္ၿပီး ငိုေနမယ္ဆိုရင္ ကေလးကိုမတ္မတ္ထိုင္ခိုင္းၿပီး ၀မ္းဗိုက္ကို ျငင္သာစြာနဲ႔ ပြတ္ၿပီး ဖိေပးဖို႔လိုပါတယ္။ကေလးကိုႏို႔တိုက္ၿပီးတဲ့အခါ ေလပုံမွန္ထုတ္ေပးျခင္းျဖင့္ ေလထိုးျခင္း ေဝဒနာကိုသက္သာေစပါတယ္။

 

ေဒါက္တာႏိုင္း (ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *