သင့်ခန္တာကိုယ်က ဘာလို့ ပရိုတင်းဓာတ်ကိုလိုအပ်တာလဲ…?

 

🍗 ကျွန်မတို့ခန္တာကိုယ်မှာ ပရိုတင်းကို ခန္တာကိုယ်တစ်ရှူးတွေတည်ဆောက်ဖို့၊ပြန်လည်ပြုပြင်ဖို့၊ ဆဲလ်တွေ၊ ဟော်မုန်းတွေနဲ့ ကြွက်သားစတာတွေအတွက် အသုံးပြုတတ်ကြပါတယ်။ပရိုတင်းဓာတ်ကို ကြွက်သားကြီးထွားသန်မာဖို့လိုအပ်တယ်ဆိုတာကတော့ တော်တော်များများသိကြပါတယ်။ တခြားဟာတွေကိုတော့ သိတဲ့သူနည်းကြပါတယ်။

 

1) အနာကျက်တဲ့နေရာမှာပါဝင်ခြင်း

 

💁 ကျွန်မတို့ ခန္တာကိုယ်မှာ အနာကျက်တာမြန်စေဖို့က Collagen ထွက်ရှိမှုပေါ်မှာမူတည်ပါတယ်။ ဒီ collagen တည်ဆောင်နိုင်ဖို့က ပရိုတင်းဓာတ်လုံလုံလောက်လောက်ရှိမှရတာပါ။
ပရိုတင်းဓာတ်သာ လုံလုံလောက်လောက်မရှိပဲ
နည်းနေရင် အနာကျက်တာကြာနိုင်သလို ရလာတဲ့ result ဟာလည်း မကောင်းနိုင်ပါဘူး။

 

2)ခုခံအားစနစ်အတွက်အရေးပါခြင်း

 

💁 ကျွန်မတို့ခန္တာကိုယ်ကို ဘက်တီးရီးယားပိုးတွေ ဗိုင်းရပ်စ်ပိုးတွေဝင်ရောက်လာတဲ့အခါ
ကိုယ်ခံအားဆဲလ်တွေက တိုက်ခိုက်နိုင်အောင်ကူညီပေးတဲ့ Antibodies တွေဆိုတာ ပရိုတင်း
တွေပါပဲ။ ဒီ Antibodies လို့ခေါ်တဲ့ ပရိုတင်းတွေသာမရှိရင် ကျွန်မတို့ခန္တာကိုယ်က ကိုယ်ခံအား
ဆဲလ်တွေကောင်းမွန်စွာအလုပ်လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

 

3)ခန္တာကိုယ်ရဲ့ တချို့ဟော်မုန်းတည်ဆောက်မှုတွေမှာပါဝင်ခြင်း

 

💁 Insulin လို့ခေါ်တဲ့ ပရိုတင်းနဲ့တည်ဆောက်ထားတဲ့ဟော်မုန်းဟာဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့နေရာမှာ အရေးပါပါတယ်။ဟော်မုန်းတည်ဆောက်မှုတွေမှာ ပါဝင်သလိုဟော်မုန်းတွေဟာလည်း ပရိုတင်းတည်
ဆောက်တာကိုများစေပြီး ကြွက်သားတွေကို ကြီးထွားလာစေတယ်။

 

4)ခန္တာကိုယ်ရဲ့ enzyme တည်ဆောက်မှုတွေမှာပါဝင်ခြင်း

 

💁 Enzyme တွေဆိုတာလည်း ခန္တာကိုယ်မှာရှိတဲ့ဖြစ်စဉ်တွေလည်ပတ်နိုင်ဖို့လိုအပ်တဲ့ ပရိုတင်း
တွေပါပဲ။ စွမ်းအင်ထုတ်ဖို့အတွက်၊ ကြွက်သားတွေလုပ်ဆောင်မှုအတွက်၊ အာရုံကြောလုပ်ဆောင်မှုတွေအတွက် လိုအပ်တဲ့အရာတွေပါ။

 

5) အဆီကျစေခြင်း

 

💁 ပရိုတင်းဓာတ်များတဲ့ အမဲသား၊ကြက်သား
စတာတွေစားသုံးတဲ့အခါ ခန္တာကိုယ်က ဒီအစားအစာတွေကိုချေဖျက်နိုင်ဖို့ အချိန်တော်တော်ယူရပါတယ်။ စားပြီးတဲ့အခါမှာလည်း
Phenylalanine လို့ခေါ်တဲ့ ဗိုက်ဆာတာကိုလျော့ကျစေတဲ့ chemical တစ်ခုထွက်တဲ့အတွက် ကြောင့် သင်တော်တော်နဲ့ဗိုက်ဆာမှာ မဟုတ်ပါဘူး။ အဲ့လိုနဲ့ calorie များတဲ့အစားအစာတွေကိုစားမိမှာမဟုတ်လို့ အဆီကျဖို့ကူညီပေးနိုင်တာပါ။

 

ဒေါက်တာသက်လွှာ

 

[Zawgyi]

 

သင့္ခႏၲာကိုယ္က ဘာလို႔ ပ႐ိုတင္းဓာတ္ကိုလိုအပ္တာလဲ…?

 

🍗 ကြၽန္မတို႔ခႏၲာကိုယ္မွာ ပ႐ိုတင္းကို ခႏၲာကိုယ္တစ္ရႉးေတြတည္ေဆာက္ဖို႔၊ျပန္လည္ျပဳျပင္ဖို႔၊ ဆဲလ္ေတြ၊ ေဟာ္မုန္းေတြနဲ႔ ႂကြက္သားစတာေတြအတြက္ အသုံးျပဳတတ္ၾကပါတယ္။ပ႐ိုတင္းဓာတ္ကို ႂကြက္သားႀကီးထြားသန္မာဖို႔လိုအပ္တယ္ဆိုတာကေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။ တျခားဟာေတြကိုေတာ့ သိတဲ့သူနည္းၾကပါတယ္။

 

1) အနာက်က္တဲ့ေနရာမွာပါဝင္ျခင္း

 

💁 ကြၽန္မတို႔ ခႏၲာကိုယ္မွာ အနာက်က္တာျမန္ေစဖို႔က Collagen ထြက္ရွိမႈေပၚမွာမူတည္ပါတယ္။ ဒီ collagen တည္ေဆာင္ႏိုင္ဖို႔က ပ႐ိုတင္းဓာတ္လုံလုံေလာက္ေလာက္ရွိမွရတာပါ။
ပ႐ိုတင္းဓာတ္သာ လုံလုံေလာက္ေလာက္မရွိပဲ
နည္းေနရင္ အနာက်က္တာၾကာႏိုင္သလို ရလာတဲ့ result ဟာလည္း မေကာင္းႏိုင္ပါဘူး။

 

2)ခုခံအားစနစ္အတြက္အေရးပါျခင္း

 

💁 ကြၽန္မတို႔ခႏၲာကိုယ္ကို ဘက္တီးရီးယားပိုးေတြ ဗိုင္းရပ္စ္ပိုးေတြဝင္ေရာက္လာတဲ့အခါ
ကိုယ္ခံအားဆဲလ္ေတြက တိုက္ခိုက္ႏိုင္ေအာင္ကူညီေပးတဲ့ Antibodies ေတြဆိုတာ ပ႐ိုတင္း
ေတြပါပဲ။ ဒီ Antibodies လို႔ေခၚတဲ့ ပ႐ိုတင္းေတြသာမရွိရင္ ကြၽန္မတို႔ခႏၲာကိုယ္က ကိုယ္ခံအား
ဆဲလ္ေတြေကာင္းမြန္စြာအလုပ္လုပ္ဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။

 

3)ခႏၲာကိုယ္ရဲ႕ တခ်ိဳ႕ေဟာ္မုန္းတည္ေဆာက္မႈေတြမွာပါဝင္ျခင္း

 

💁 Insulin လို႔ေခၚတဲ့ ပ႐ိုတင္းနဲ႔တည္ေဆာက္ထားတဲ့ေဟာ္မုန္းဟာဆိုရင္ ေသြးတြင္းသၾကားဓာတ္ကိုထိန္းညႇိေပးတဲ့ေနရာမွာ အေရးပါပါတယ္။ေဟာ္မုန္းတည္ေဆာက္မႈေတြမွာ ပါဝင္သလိုေဟာ္မုန္းေတြဟာလည္း ပ႐ိုတင္းတည္
ေဆာက္တာကိုမ်ားေစၿပီး ႂကြက္သားေတြကို ႀကီးထြားလာေစတယ္။

 

4)ခႏၲာကိုယ္ရဲ႕ enzyme တည္ေဆာက္မႈေတြမွာပါဝင္ျခင္း

 

💁 Enzyme ေတြဆိုတာလည္း ခႏၲာကိုယ္မွာရွိတဲ့ျဖစ္စဥ္ေတြလည္ပတ္ႏိုင္ဖို႔လိုအပ္တဲ့ ပ႐ိုတင္း
ေတြပါပဲ။ စြမ္းအင္ထုတ္ဖို႔အတြက္၊ ႂကြက္သားေတြလုပ္ေဆာင္မႈအတြက္၊ အာ႐ုံေၾကာလုပ္ေဆာင္မႈေတြအတြက္ လိုအပ္တဲ့အရာေတြပါ။

 

5) အဆီက်ေစျခင္း

 

💁 ပ႐ိုတင္းဓာတ္မ်ားတဲ့ အမဲသား၊ၾကက္သား
စတာေတြစားသုံးတဲ့အခါ ခႏၲာကိုယ္က ဒီအစားအစာေတြကိုေခ်ဖ်က္ႏိုင္ဖို႔ အခ်ိန္ေတာ္ေတာ္ယူရပါတယ္။ စားၿပီးတဲ့အခါမွာလည္း
Phenylalanine လို႔ေခၚတဲ့ ဗိုက္ဆာတာကိုေလ်ာ့က်ေစတဲ့ chemical တစ္ခုထြက္တဲ့အတြက္ ေၾကာင့္ သင္ေတာ္ေတာ္နဲ႔ဗိုက္ဆာမွာ မဟုတ္ပါဘူး။ အဲ့လိုနဲ႔ calorie မ်ားတဲ့အစားအစာေတြကိုစားမိမွာမဟုတ္လို႔ အဆီက်ဖို႔ကူညီေပးႏိုင္တာပါ။

 

ေဒါက္တာသက္လႊာ

Leave a Reply

Your email address will not be published. Required fields are marked *