ခလေးတွေမှာ အပူချိန် မှန်ကန်စွာ တိုင်းနည်း

 

မေမေတို့ခလေးတွေမှာ ဖျားပြီးလို့သံသယရှိရင် အရင်ဆုံး အဖျားကျဆေးတိုက်ဖို့ အတွေးမစောကြနဲ့နော်။ခလေးတွေမှာ အထူးသဖြင့် မွေးကင်းစလေးတွေမှာ ကျောပူ ခေါင်းပူ ဖြစ်တိုင်း အဖျားတက်တာမဟုတ်လို့ အရင်ဆုံးအဖျားအရင်တိုင်းကြည့်ရပါမယ်။ ဒါပေမဲ့ မှန်ကန်စွာတိုင်းဖို့တော့ လိုပါတယ်။ ဒါ့ကြောင့် ဒီနေ့ကတော့ ခလေးတွေမှာ အဖျား ကို မှန်ကန်စွာဘယ်လိုတိုင်းမလဲဆိုတာကိုပြောပြပေးသွားမှာပါ။

 

အဖျားတိုင်းကိရိယာကို သာမိုမီတာ (thermometer)လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင်း 99 F ၊38.2 C ကျော်ရင် အဖျားရှိတယ်လို့ သတ်မှတ်ပါတယ်။

 

ခလေးတွေမှာ အပူချိန်မှန်ကန်စွာ တိုင်းနိုင်ဖို့ လိုအပ်သောအရာများ

 

1) သာမိုမီတာ အမျိုးအစားများ
2) ခလေး အသက်အရွယ်

 

1) သာမိုမီတာအမျိုးအစားများ

 

၁) manual thermometer

 

သာမိုမီတာ ဖတ်လေ့ဖတ်ထရှိသူတွေပါ ကြည့်တတ်ပါတယ်။ ဈေးနှုန်းအရလဲ သင့်တင့်ပါတယ်။ဂျိုင်း ၊လျှာအောက်၊၊စအို တို့မှာတိုင်းနိုင်ပါတယ်။ ကိုယ်တိုင် ပြဒါးတံလေး ကြည့်ပြီး အပူတက်မတက်ကြည့်ရတာဖြစ်ပြီး အနီရောင် တားထားတဲ့ လိုင်းလေး ကျော်ရင် အဖျားရှိတယ်လို့ သတ်မှတ်ပါတယ်။ ။

 

၂) digital thermometer

 

ဒစ်ဂျစ်တယ် သာမိုမီတာ အမျိုးအစား (၃) မျိုးရှိပါတယ်။
• နားထင်ကို တိုင်းးတဲ့ သာမိုမီတာ ( temporal artery thermometer)
• ဂျိုင်းအောက်မှာတိုင်းတဲ့ သာမိုမီတာ
• နားထဲ တိုင်းတဲ့ သာမိုမီတာ (tympanic ear thermometer) တို့ဖြစ်ပါတယ်။

 

နားထင်တိုင်းသာမိုမီတာ (temporal artery thermometer)

ဒီနည်းဟာ ဒီဂျစ်တယ်သာမိုမီတာတွေထဲ အမှန်ဆုံး၊သက်တောင့်သက်အဖြစ်ဆုံးနဲ့ အမြန်ဆုံး တိုင်းလို့ရတဲ့နည်းဖြစ်ပါတယ်။ နားထင်နားကို သာမိုမီတာ နဲ့ ချိန်ပြီး ခလုတ်နှိပ်ကိုနှပ်လိုက်ယုံနဲ့ စက္ကန့်ပိုင်းအတွင်း လွယ်ကူစွာ အပူချိန်သိရှိနိုင်ပါတယ်။တခုသတိထားရမှာက တိုင်းတဲ့ အခါ နားထင်ကိုတိုင်းပေးဖို့လိုအပ်ပါတယ်။ တော်တော်များများက နာဖူးရှေ့တည့်တည့်ကို တိုင်းတတ်ကြလို့ နည်းလမ်းမမှားဖို့ သတိပြုပေးရပါမယ်။ ။အပူချိန် ကို သုံးစွဲတဲ့တံဆိပ်ပေါ်မူတည်ပြီး ဖာရင်ဟိုက်(F) သို့မဟုတ် ဆယ်လ်စီးယက်( C ) သို့မဟုတ် နှစ်ခုလုံး ဖြင့်ဖတ်နိုင်ပါတယ်။ ခလေးအိပ်နေတဲ့ အချိန်မှာလဲ တိုင်းနိုင်လို့ မေမေမေတို့ အတွက် အဆင်အပြေဆုံး အမျိုးအစားပါ။ ဈေးကတော့ သောင်းကျော် ရှိပြီး အမျိုးအစားလိုက်ကွဲပြားပါတယ်။

 

ဂျိုင်းအောက်၊လျှာအောက်၊စအို တိုင်းသာမိုမီတာ

 

ရိုးရိုး ကိုယ်တိုင်ဖတ်သာမိုမီတာလိုပဲ ဂျိုင်းအောက်၊လျှာအောက်၊စအိုထဲထညိ့ပြီးတိုင်းနိုင်ပါတယ်။ လျှာအောက်တိုင်းတဲ့အခါ ခလေး ပါးစပ်ကသေချာစိထားဖို့ လိုအပ်ပါတယ်။ တီတီ အသံမြည်လာရင် လျှာအောက်၊ဂျိုင်းအောက်က ထုတ်ပြီး ဖတ်နိုင်ပါတယ်။ ၂မိနစ်ခန့်အတွင်း အဖြေ ဖတ်လို့ရပါတယ်။ ဈေးကတော့ ထောင်ဂဏန်းမှသောင်းဂဏန်းထိရှိပါတယ်။ သူလည်းသုံးစွဲတဲ့တံဆိပ်ပေါ်မူတည်ပြီး ဖာရင်ဟိုက်(F) သို့မဟုတ် ဆယ်လ်စီးယက်( C ) သို့မဟုတ် နှစ်ခုလုံး ဖြင့်ဖတ်နိုင်ပါတယ်။

 

နားထဲတိုင်းသာမိုမီတာ (tympanic ear thermometer)

 

နားထဲတိုင်းတဲ့ သာမိုမီတာတိုင်းတဲ့အခါ နားကို အနောက်ဘက်နည်းနည်းဆွဲပြီး သာမိုမီတာ ဆင်ဆာ လေးကို နားအတွင်းထည့်ကာခလုတ်ကို ဖိထားပြီး တီတီ အသံကြားပါက ဖတ်နိုင်ပါတယ်။ ဒီနည်းဟာ လွယ်ကူ လျှင်မြန်ပေမဲ့ မွေးကင်းစခလေးတွေမှာ မသုံးသင့်ပါဘူး ။ဘာကြေင့်လဲဆိုတော့ မွေးကင်းစခလေးတွေရဲ့ နားဟာ အရမ်းနုနယ်ပြီး နားလမ်းကြောင်းကျဉ်းလို့ပဲဖြစ်ပါတယ်။ နောက်တခု သတိထားရမှာက နားဖာချီး တအားများနေရင်လည်း အဖြေ မမှန်တတ်ပါဘူး ။နားစည်ထိမိရင်လည်း နာတတ်တာမို့ မထိမိအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။

 

2) ခလေး အသက်အရွယ်

 

၃လအောက်ခလေးတွေမှာ နားထင်တိုင်းသာမိုမီတာနဲ့ ဂျိုင်းအောက်တိုင်းသာမိုမီတာတွေက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါ။
၃လအထက်ခလေးတွေမှာတော့ စအိုထဲတိုင်းတာက အမှန်ကန်ဆုံးပေမဲ့ နေရခက်နိုင်လို့ နားထင် တိုင်းသာမိုမီတာ ကပိုပြီးအဆင်ပြေပါတယ်။ အကယ်၍ စအိုထဲထည့်တိုင်းချင်ပါက ချောဆီသုံးပေးရပါမယ်။

 

• အပူချိန်မှားဖတ်နိုင်သော အခြေအနေများ

 

အောက်ပါ အခြေအနေများကြောင့် အပူချိန် ပုံမှန်ထက် မြင့်နေခြင်း ၊လျော့နေခြင်းများရှိတတ်ပါတယ်။

 

၁) စောင်ထူထဲနေအောင်ခြုံထားချိန်တိုင်းခြင်း
၂) ရေချိုးချိုးပြီးချင်း တိုင်းခြင်း (ရေချိုးပြီး ၁၅ မိနစ် ၊နာရီဝက်ကြာမှ အပူချိန်တိုင်းပေးပါ)
၃) အစားစားပြီးပြီးချက်ခြင်းတိုင်းခြင်း(မိနစ် ၃၀ ကြာမှတိုင်းပါ)
၄) လှုပ်လှုပ်ရှားရှား လုပ်ပြီးချိန်တိုင်းခြင်း ( အနည်းဆုံး ၁နာရီခန့် နားခိုင်းပြီးမှတိုင်းပေးပါ)

 

Dr Htet

 

[Zawgyi]

 

ခေလးေတြမွာ အပူခ်ိန္ မွန္ကန္စြာ တိုင္းနည္း

 

ေမေမတို႔ခေလးေတြမွာ ဖ်ားၿပီးလို႔သံသယရွိရင္ အရင္ဆုံး အဖ်ားက်ေဆးတိုက္ဖို႔ အေတြးမေစာၾကနဲ႔ေနာ္။ခေလးေတြမွာ အထူးသျဖင့္ ေမြးကင္းစေလးေတြမွာ ေက်ာပူ ေခါင္းပူ ျဖစ္တိုင္း အဖ်ားတက္တာမဟုတ္လို႔ အရင္ဆုံးအဖ်ားအရင္တိုင္းၾကည့္ရပါမယ္။ ဒါေပမဲ့ မွန္ကန္စြာတိုင္းဖို႔ေတာ့ လိုပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ကေတာ့ ခေလးေတြမွာ အဖ်ား ကို မွန္ကန္စြာဘယ္လိုတိုင္းမလဲဆိုတာကိုေျပာျပေပးသြားမွာပါ။

 

အဖ်ားတိုင္းကိရိယာကို သာမိုမီတာ (thermometer)လို႔ေခၚပါတယ္။ ေယဘုယ်အားျဖင္း 99 F ၊38.2 C ေက်ာ္ရင္ အဖ်ားရွိတယ္လို႔ သတ္မွတ္ပါတယ္။

 

ခေလးေတြမွာ အပူခ်ိန္မွန္ကန္စြာ တိုင္းႏိုင္ဖို႔ လိုအပ္ေသာအရာမ်ား

 

1) သာမိုမီတာ အမ်ိဳးအစားမ်ား
2) ခေလး အသက္အ႐ြယ္

 

1) သာမိုမီတာအမ်ိဳးအစားမ်ား

 

၁) manual thermometer

သာမိုမီတာ ဖတ္ေလ့ဖတ္ထရွိသူေတြပါ ၾကည့္တတ္ပါတယ္။ ေစ်းႏႈန္းအရလဲ သင့္တင့္ပါတယ္။ဂ်ိဳင္း ၊လွ်ာေအာက္၊၊စအို တို႔မွာတိုင္းႏိုင္ပါတယ္။ ကိုယ္တိုင္ ျပဒါးတံေလး ၾကည့္ၿပီး အပူတက္မတက္ၾကည့္ရတာျဖစ္ၿပီး အနီေရာင္ တားထားတဲ့ လိုင္းေလး ေက်ာ္ရင္ အဖ်ားရွိတယ္လို႔ သတ္မွတ္ပါတယ္။ ။

 

၂) digital thermometer

 

ဒစ္ဂ်စ္တယ္ သာမိုမီတာ အမ်ိဳးအစား (၃) မ်ိဳးရွိပါတယ္။
• နားထင္ကို တိုင္းးတဲ့ သာမိုမီတာ ( temporal artery thermometer)
• ဂ်ိဳင္းေအာက္မွာတိုင္းတဲ့ သာမိုမီတာ
• နားထဲ တိုင္းတဲ့ သာမိုမီတာ (tympanic ear thermometer) တို႔ျဖစ္ပါတယ္။

 

နားထင္တိုင္းသာမိုမီတာ (temporal artery thermometer)

 

ဒီနည္းဟာ ဒီဂ်စ္တယ္သာမိုမီတာေတြထဲ အမွန္ဆုံး၊သက္ေတာင့္သက္အျဖစ္ဆုံးနဲ႔ အျမန္ဆုံး တိုင္းလို႔ရတဲ့နည္းျဖစ္ပါတယ္။ နားထင္နားကို သာမိုမီတာ နဲ႔ ခ်ိန္ၿပီး ခလုတ္ႏွိပ္ကိုႏွပ္လိုက္ယုံနဲ႔ စကၠန္႔ပိုင္းအတြင္း လြယ္ကူစြာ အပူခ်ိန္သိရွိႏိုင္ပါတယ္။တခုသတိထားရမွာက တိုင္းတဲ့ အခါ နားထင္ကိုတိုင္းေပးဖို႔လိုအပ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက နာဖူးေရွ႕တည့္တည့္ကို တိုင္းတတ္ၾကလို႔ နည္းလမ္းမမွားဖို႔ သတိျပဳေပးရပါမယ္။ ။အပူခ်ိန္ ကို သုံးစြဲတဲ့တံဆိပ္ေပၚမူတည္ၿပီး ဖာရင္ဟိုက္(F) သို႔မဟုတ္ ဆယ္လ္စီးယက္( C ) သို႔မဟုတ္ ႏွစ္ခုလုံး ျဖင့္ဖတ္ႏိုင္ပါတယ္။ ခေလးအိပ္ေနတဲ့ အခ်ိန္မွာလဲ တိုင္းႏိုင္လို႔ ေမေမေမတို႔ အတြက္ အဆင္အေျပဆုံး အမ်ိဳးအစားပါ။ ေစ်းကေတာ့ ေသာင္းေက်ာ္ ရွိၿပီး အမ်ိဳးအစားလိုက္ကြဲျပားပါတယ္။

 

ဂ်ိဳင္းေအာက္၊လွ်ာေအာက္၊စအို တိုင္းသာမိုမီတာ

 

႐ိုး႐ိုး ကိုယ္တိုင္ဖတ္သာမိုမီတာလိုပဲ ဂ်ိဳင္းေအာက္၊လွ်ာေအာက္၊စအိုထဲထညိ့ၿပီးတိုင္းႏိုင္ပါတယ္။ လွ်ာေအာက္တိုင္းတဲ့အခါ ခေလး ပါးစပ္ကေသခ်ာစိထားဖို႔ လိုအပ္ပါတယ္။ တီတီ အသံျမည္လာရင္ လွ်ာေအာက္၊ဂ်ိဳင္းေအာက္က ထုတ္ၿပီး ဖတ္ႏိုင္ပါတယ္။ ၂မိနစ္ခန္႔အတြင္း အေျဖ ဖတ္လို႔ရပါတယ္။ ေစ်းကေတာ့ ေထာင္ဂဏန္းမွေသာင္းဂဏန္းထိရွိပါတယ္။ သူလည္းသုံးစြဲတဲ့တံဆိပ္ေပၚမူတည္ၿပီး ဖာရင္ဟိုက္(F) သို႔မဟုတ္ ဆယ္လ္စီးယက္( C ) သို႔မဟုတ္ ႏွစ္ခုလုံး ျဖင့္ဖတ္ႏိုင္ပါတယ္။

 

နားထဲတိုင္းသာမိုမီတာ (tympanic ear thermometer)

 

နားထဲတိုင္းတဲ့ သာမိုမီတာတိုင္းတဲ့အခါ နားကို အေနာက္ဘက္နည္းနည္းဆြဲၿပီး သာမိုမီတာ ဆင္ဆာ ေလးကို နားအတြင္းထည့္ကာခလုတ္ကို ဖိထားၿပီး တီတီ အသံၾကားပါက ဖတ္ႏိုင္ပါတယ္။ ဒီနည္းဟာ လြယ္ကူ လွ်င္ျမန္ေပမဲ့ ေမြးကင္းစခေလးေတြမွာ မသုံးသင့္ပါဘူး ။ဘာေၾကင့္လဲဆိုေတာ့ ေမြးကင္းစခေလးေတြရဲ့ နားဟာ အရမ္းႏုနယ္ၿပီး နားလမ္းေၾကာင္းက်ဥ္းလို႔ပဲျဖစ္ပါတယ္။ ေနာက္တခု သတိထားရမွာက နားဖာခ်ီး တအားမ်ားေနရင္လည္း အေျဖ မမွန္တတ္ပါဘူး ။နားစည္ထိမိရင္လည္း နာတတ္တာမို႔ မထိမိေအာင္ ဂ႐ုစိုက္ေပးဖို႔လိုပါတယ္။

 

2) ခေလး အသက္အ႐ြယ္

 

၃လေအာက္ခေလးေတြမွာ နားထင္တိုင္းသာမိုမီတာနဲ႔ ဂ်ိဳင္းေအာက္တိုင္းသာမိုမီတာေတြက အေကာင္းဆုံးနဲ႔ အသင့္ေတာ္ဆုံးပါ။
၃လအထက္ခေလးေတြမွာေတာ့ စအိုထဲတိုင္းတာက အမွန္ကန္ဆုံးေပမဲ့ ေနရခက္ႏိုင္လို႔ နားထင္ တိုင္းသာမိုမီတာ ကပိုၿပီးအဆင္ေျပပါတယ္။ အကယ္၍ စအိုထဲထည့္တိုင္းခ်င္ပါက ေခ်ာဆီသုံးေပးရပါမယ္။

 

• အပူခ်ိန္မွားဖတ္ႏိုင္ေသာ အေျခအေနမ်ား

 

ေအာက္ပါ အေျခအေနမ်ားေၾကာင့္ အပူခ်ိန္ ပုံမွန္ထက္ ျမင့္ေနျခင္း ၊ေလ်ာ့ေနျခင္းမ်ားရွိတတ္ပါတယ္။

 

၁) ေစာင္ထူထဲေနေအာင္ၿခံဳထားခ်ိန္တိုင္းျခင္း
၂) ေရခ်ိဳးခ်ိဳးၿပီးခ်င္း တိုင္းျခင္း (ေရခ်ိဳးၿပီး ၁၅ မိနစ္ ၊နာရီဝက္ၾကာမွ အပူခ်ိန္တိုင္းေပးပါ)
၃) အစားစားၿပီးၿပီးခ်က္ၿခင္းတိုင္းျခင္း(မိနစ္ ၃၀ ၾကာမွတိုင္းပါ)
၄) လႈပ္လႈပ္ရွားရွား လုပ္ၿပီးခ်ိန္တိုင္းျခင္း ( အနည္းဆုံး ၁နာရီခန္႔ နားခိုင္းၿပီးမွတိုင္းေပးပါ)

 

Dr Htet

Leave a Reply

Your email address will not be published. Required fields are marked *