လူငယ်များအတွက် Sex Education

 

လူငယ်တွေဘဝမှာအရေးကြီးလှတဲ့ Sex Education ဟာ ဆယ်ကျော်သက်ရွယ်ကစလို့ လူငယ်တွေအတွက် သိရှိသင့်တဲ့ လိင်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းရင်းတွေကို ပြောပြပေးရမယ့် ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ လိင်နဲ့ပတ်သက်လို့စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုများ၊ တာဝန်ဝတ္တရားများ၊ လိင်ပိုင်းဆိုင်ရာခန္ဓာဗေဒ၊ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုစတဲ့ရှုထောင့်အားလုံးနှင့်သက်ဆိုင်တဲ့Sex Educationပဲဖြစ်ပါတယ်။ လိင်ပညာရေး အခြေခံများကို ကျောင်းတွေရဲ့ ကာယချိန်အတန်းတွင် သင်ကြားနိုင်ပါတယ်။

 

၁၉ ရာစုနှောင်းပိုင်း တိုးတက်လာတဲ့ပညာရေးလှုပ်ရှားမှုတွေကြောင့် မြောက်အမေရိကကျောင်း သင်ရိုးညွှန်း တမ်း များမှာ “Social Hygiene” ကိုမိတ်ဆက်ပေးခြင်းနှင့်ကျောင်းအခြေပြုတဲ့ Sex Education ပညာရပ်ကို စတင် ခဲ့ကြပါတယ်။ အေအိုင်ဒီအက်စ် ရောဂါ ကမ္ဘာအနှံ့ဖြစ်ပွားခြင်းကနေ Sex Education ရဲ့ အရေးကြီးပုံကို သတိထား မိလာစေပါတယ်။ John J. Burt က လိင်ပညာရေးကို ယောက်ျားနှင့်မိန်းမတို့ရဲ့ ဝိသေသလက္ခဏာများ လေ့လာမှုလို့ သတ်မှတ် ထားပါတယ်။

 

Sex Education လိင်ပိုင်းဆိုင်ရာပညာရေးကိုသင်ကြားကြရာမှာလက်ဦးဆရာဖြစ်တဲ့ မိဘရဲ့တာဝန် ကတော့ အဓိကကျပါတယ်။ကျောင်းမှာမသင်ခင်လူမှန်းသိတတ်စကာလကတည်းကအရင်ဆုံးပျိုးထောင်တဲ့မိဘက ပြောပြပေးသင့်ပါတယ်။ အရွယ်နဲ့အမျှရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေရဲ့ အကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာဖြစ်တတ်တဲ့ ကျန်းမာရေးအကြောင်းအရာတွေကို နားလည်အောင်သင်ကြားပေးသင့်ပါတယ်။ အဲ့ဒီကနေလိင်နဲ့ ပတ်သက်တဲ့ အကျိုးအပြစ်တွေကိုဆင့်ပွားပြီးသင်ကြားရမှာ ဖြစ်ပါတယ်။ Sex Education ပေးတယ် ဆိုတဲ့အပေါ်မှာ တလွဲထင်မြင်ကြတာတွေလည်းရှိပါတယ်။ တကယ်ကတော့ Sex Education ဆိုတာ လူငယ်ဘဝကစလို့သိသင်တဲ့ လူမှုဘဝယဉ်ကျေးမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ သိမှသာ ဆောင်ရန်ရှောင်ရန် တွေကို နားလည်မှာဖြစ်ပါတယ်။

 

STDs ဆိုတာကတော့ လိင်မှတဆင့်ကူးစက်တဲ့ ရောဂါများပဲဖြစ်ပါတယ်။ ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ AIDSရောဂါ၊လိင်အင်္ဂါမှာဖြစ်တတ်တဲ့ရေယုန်ရောဂါ၊ကြွက်နို့ရောဂါ စတာတွေ ပဲဖြစ်ပါတယ်။ လိင်နဲ့ပတ်သက်လို့တန်ဖိုးတခုကိုနားလည်ပြီးမိမိကိုယ်ကိုတန်ဖိုးထားနိုင်ဖို့ သူတပါးပေါ် လေးစားတတ်စေဖို့၊ လိင်နဲ့ပတ်သက်တဲ့ကူးစက်ရောဂါတွေကနေကာကွယ်နိုင်ဖို့၊အရွယ်မရောက်ခင်ဖြစ်တတ်တဲ့ သက်ငယ်မုဒိန်းမှု၊ကာမလိင်လည်မှုပြသနာတွေအမှုအခင်းတွေနဲ့ကိုယ်ဝန်ဆောင်ရတဲ့ပြသနာတွေကိုလျော့ချနိုင်ဖို့Sex Educationဟာ မသိမဖြစ်ကိုသိထားသင့်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

လူငယ်များအတွက် Sex Education သင်ကြားရေးအပိုင်းမှာဆိုရင်လည်း အစပိုင်းမှာဆယ်ကျော်သက် ကျောင်းသူတွေနဲ့ ကျောင်းသား တွေ သီးသန့်စီခွဲကာသင်ကြားပေးသင့်ပြီး သူတို့တွေသိလိုတဲ့ အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း မေးမြန်းတတ်စေဖို့နဲ့ ဒီအကြောင်းအရာကိုသင်ကြားပေးခြင်းက ရှက်စရာမဟုတ်ကြောင်း ကိုပြောပြထားသင့်ပါတယ်။ နောက်ပြီးလိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ကျား၊ မ ခွဲခြားဆက်ဆံခြင်းတွေနဲ့ LGBTတွေကိုခွဲခြားဆက်ဆံခြင်းတွေမရှိစေဖို့ ကိုလည်း ထည့်သွင်းဆွေးနွေး ပေးသင့်ပါတယ်။

ဆယ်ကျော်သက်များအနေနဲ့ချိန်းတွေ့ရာကဖြစ်လာတတ်တဲ့အကြမ်းဖက်မှုပြသနာတွေ၊အသွားမတော် တလှမ်းဆိုသလိုဆယ်ကျော်သက်တွေအပေါ်လိမ်လည်ကြံစည်တတ်တဲ့အကြောင်းအရာတွေ၊အပေါင်းအသင်း ကနေ ဖြစ်လာတတ်တဲ့ အရက်စွဲခြင်း၊ ဆေးစွဲခြင်းနဲ့ ကာမလိုက်စားမှုပိုင်းဆိုင်ရာပြသနာတွေကို ပညာပေးအနေနဲ့မျှဝေပေးသင့်ပါတယ်။ လိင်ပညာရေးအတွက်အဓိကအကောင်အထည်ဖော် လှုပ်ရှားသင့်တာကတော့ မိဘများ၊ အုပ်ထိန်းသူများ၊ ဆရာများနဲ့ ကျောင်းများမှအစီအစဉ်များနဲ့ ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုများပဲဖြစ်ပါတယ်။

 

ဒေါက်တာနိုင်း(ဆေး၁)

 

[Zawgyi]

 

လူငယ္မ်ားအတြက္ Sex Education

 

လူငယ္ေတြဘ၀မွာအေရးႀကီးလွတဲ့ Sex Education ဟာ ဆယ္ေက်ာ္သက္႐ြယ္ကစလို႔ လူငယ္ေတြအတြက္ သိရွိသင့္တဲ့ လိင္နဲ႔ပတ္သက္တဲ့ အေျခခံအေၾကာင္းရင္းေတြကို ေျပာျပေပးရမယ့္ ပညာရပ္တစ္ခုပဲျဖစ္ပါတယ္။ လိင္နဲ႔ပတ္သက္လို႔စိတ္ပိုင္းဆိုင္ရာဆက္ႏြယ္မႈမ်ား၊ တာ၀န္၀တၱရားမ်ား၊ လိင္ပိုင္းဆိုင္ရာခႏၶာေဗဒ၊ လိင္ပိုင္းဆိုင္ရာလႈပ္ရွားမႈစတဲ့ရႈေထာင့္အားလုံးႏွင့္သက္ဆိုင္တဲ့Sex Educationပဲျဖစ္ပါတယ္။ လိင္ပညာေရး အေျခခံမ်ားကို ေက်ာင္းေတြရဲ႕ ကာယခ်ိန္အတန္းတြင္ သင္ၾကားႏိုင္ပါတယ္။

 

၁၉ ရာစုေႏွာင္းပိုင္း တိုးတက္လာတဲ့ပညာေရးလႈပ္ရွားမႈေတြေၾကာင့္ ေျမာက္အေမရိကေက်ာင္း သင္႐ိုးၫႊန္း တမ္း မ်ားမွာ “Social Hygiene” ကိုမိတ္ဆက္ေပးျခင္းႏွင့္ေက်ာင္းအေျချပဳတဲ့ Sex Education ပညာရပ္ကို စတင္ ခဲ့ၾကပါတယ္။ ေအအိုင္ဒီအက္စ္ ေရာဂါ ကမာၻအႏွံ႔ျဖစ္ပြားျခင္းကေန Sex Education ရဲ႕ အေရးႀကီးပုံကို သတိထား မိလာေစပါတယ္။ John J. Burt က လိင္ပညာေရးကို ေယာက္်ားႏွင့္မိန္းမတို႔ရဲ႕ ဝိေသသလကၡဏာမ်ား ေလ့လာမႈလို႔ သတ္မွတ္ ထားပါတယ္။

 

Sex Education လိင္ပိုင္းဆိုင္ရာပညာေရးကိုသင္ၾကားၾကရာမွာလက္ဦးဆရာျဖစ္တဲ့ မိဘရဲ႕တာ၀န္ ကေတာ့ အဓိကက်ပါတယ္။ေက်ာင္းမွာမသင္ခင္လူမွန္းသိတတ္စကာလကတည္းကအရင္ဆုံးပ်ိဳးေထာင္တဲ့မိဘက ေျပာျပေပးသင့္ပါတယ္။ အ႐ြယ္နဲ႔အမွ်႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာေျပာင္းလဲလာမႈေတြရဲ႕ အေၾကာင္းနဲ႔ လိင္ပိုင္းဆိုင္ရာျဖစ္တတ္တဲ့ က်န္းမာေရးအေၾကာင္းအရာေတြကို နားလည္ေအာင္သင္ၾကားေပးသင့္ပါတယ္။ အဲ့ဒီကေနလိင္နဲ႔ ပတ္သက္တဲ့ အက်ိဳးအျပစ္ေတြကိုဆင့္ပြားၿပီးသင္ၾကားရမွာ ျဖစ္ပါတယ္။ Sex Education ေပးတယ္ ဆိုတဲ့အေပၚမွာ တလြဲထင္ျမင္ၾကတာေတြလည္းရွိပါတယ္။ တကယ္ကေတာ့ Sex Education ဆိုတာ လူငယ္ဘ၀ကစလို႔သိသင္တဲ့ လူမႈဘ၀ယဥ္ေက်းမႈတစ္ခုလို႔ဆိုႏိုင္ပါတယ္။ သိမွသာ ေဆာင္ရန္ေရွာင္ရန္ ေတြကို နားလည္မွာျဖစ္ပါတယ္။

 

STDs ဆိုတာကေတာ့ လိင္မွတဆင့္ကူးစက္တဲ့ ေရာဂါမ်ားပဲျဖစ္ပါတယ္။ ကာလသားေရာဂါ၊ ဆီးပူေညာင္းက်ေရာဂါ၊ AIDS ေရာဂါ၊လိင္အဂၤါမွာျဖစ္တတ္တဲ့ေရယုန္ေရာဂါ၊ႂကြက္ႏို႔ေရာဂါ စတာေတြ ပဲျဖစ္ပါတယ္။ လိင္နဲ႔ပတ္သက္လို႔တန္ဖိုးတခုကိုနားလည္ျပီးမိမိကိုယ္ကိုတန္ဖိုးထားႏိုင္ဖို႔ သူတပါးေပၚ ေလးစားတတ္ေစဖို႔၊ လိင္နဲ႔ပတ္သက္တဲ့ကူးစက္ေရာဂါေတြကေနကာကြယ္ႏိုင္ဖို႔၊အ႐ြယ္မေရာက္ခင္ျဖစ္တတ္တဲ့ သက္ငယ္မုဒိန္းမႈ၊ကာမလိင္လည္မႈျပသနာေတြအမႈအခင္းေတြနဲ႔ကိုယ္၀န္ေဆာင္ရတဲ့ျပသနာေတြကိုေလ်ာ့ခ်ႏိုင္ဖို ႔Sex Educationဟာ မသိမျဖစ္ကိုသိထားသင့္တဲ့ အေၾကာင္းအရာပဲျဖစ္ပါတယ္။

 

လူငယ္မ်ားအတြက္ Sex Education သင္ၾကားေရးအပိုင္းမွာဆိုရင္လည္း အစပိုင္းမွာဆယ္ေက်ာ္သက္ ေက်ာင္းသူေတြနဲ႔ ေက်ာင္းသား ေတြ သီးသန႔္စီခြဲကာသင္ၾကားေပးသင့္ၿပီး သူတို႔ေတြသိလိုတဲ့ အေၾကာင္းအရာေတြကိုလည္း ပြင့္ပြင့္လင္းလင္း ေမးျမန္းတတ္ေစဖို႔နဲ႔ ဒီအေၾကာင္းအရာကိုသင္ၾကားေပးျခင္းက ရွက္စရာမဟုတ္ေၾကာင္း ကိုေျပာျပထားသင့္ပါတယ္။ ေနာက္ၿပီးလိင္ပိုင္းဆိုင္ရာနဲ႔ပတ္သက္လို႔က်ား၊ မ ခြဲျခားဆက္ဆံျခင္းေတြနဲ႔ LGBT ေတြကိုခြဲျခားဆက္ဆံျခင္းေတြမရွိေစဖို႔ ကိုလည္း ထည့္သြင္းေဆြးေႏြး ေပးသင့္ပါတယ္။

 

ဆယ္ေက်ာ္သက္မ်ားအေနနဲ႔ခ်ိန္းေတြ႕ရာကျဖစ္လာတတ္တဲ့အၾကမ္းဖက္မႈျပသနာေတြ၊အသြားမေတာ္ တလွမ္းဆိုသလိုဆယ္ေက်ာ္သက္ေတြအေပၚလိမ္လည္ႀကံစည္တတ္တဲ့အေၾကာင္းအရာေတြ၊အေပါင္းအသင္း ကေန ျဖစ္လာတတ္တဲ့ အရက္စြဲျခင္း၊ ေဆးစြဲျခင္းနဲ႔ ကာမလိုက္စားမႈပိုင္းဆိုင္ရာျပသနာေတြကို ပညာေပးအေနနဲ႔မွ်ေဝေပးသင့္ပါတယ္။ လိင္ပညာေရးအတြက္အဓိကအေကာင္အထည္ေဖာ္ လႈပ္ရွားသင့္တာကေတာ့ မိဘမ်ား၊ အုပ္ထိန္းသူမ်ား၊ ဆရာမ်ားနဲ႔ ေက်ာင္းမ်ားမွအစီအစဥ္မ်ားနဲ႕ ျပည္သူ႔က်န္းမာေရးလႈပ္ရွားမႈမ်ားပဲျဖစ္ပါတယ္။

 

ေဒါက္တာႏိုင္း(ေဆး၁)

Leave a Reply

Your email address will not be published. Required fields are marked *